Ep 53(Uni)
သွင်ခက်တစ်ယောက်ဆေးရုံကပြန်လာထဲက အပြင်သိပ်မထွက်ချေ။ခြံထဲတောင်တစ်ခါတစ်လေမှဆင်းသည်။အခုတော့ တပတ်ရှိပြီဖြစ်၍နည်းနည်းတော့နလန်ထူနေပြီဖြစ်သည်။
အခုလည်းဂိမ်းဆော့ရင်းပျင်းနေတာနဲ့လမ်းထိပ်ထွက်ကာမုန့်စားမယ်လို့စိတ်ကူးလိုက်ပြီးလက်ထဲကဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲထည့်ကာ
ခြံထဲတွင်အပင်တွေပျိုးနေသောဦးငွေဆီကိုခဏသွားကာ"ဦးငွေ ကျွန်တော် လမ်းထိပ်မှာမုန့်သွားစားအုန်းမယ် ဦးငွေရောဘာစားချင်သေးလဲ"
"ဦးငွေ မစားတော့ပါဘူး ဒါပေမယ့် သခင်လေးအပြင်ထွက်တာသိရင် အဆူခံနေရအုန်းမယ်နော်"
သက်တော်စောင့်ခေါ်ထားပေမယ်ဆိုပြီးသွင်ခက်အားပြောလာတုန်းက အသည်းအသန်ငြင်းခဲ့၍ခွန်းစစ်က အိမ်သာမှာလွတ်လွတ်လပ်လပ်နေခိုင်းသည်။သို့ပေမယ့်တစ်ယောက်တည်းအပြင်ထွက်မည်ဆိုတာကိုတားမြစ်ထားသည်။အခုလည်းသွင်ခက်မှာဦးငွေစကားကြောင့်နည်းနည်းတော့စဥ်းစားမိသည်။
သို့ပေမယ့်......."ရပါတယ် လမ်းထိပ်လေးဘဲကို စိတ်ချပါ သွားပြီနော်အမြန်ပြန်လာခဲ့ပါ့မယ်"
"ကောင်းပါပြီ သခင်လေး"သွင်ခက်တစ်ယောက် လိုချင်တာရသွားသောကြောင့်ပြုံးပျော်ကာခြံထဲမှထွက်သွားသည်။
သူဌေးရပ်ကွက်ဖြစ်၍လမ်းထဲမှာလူရှင်းနေသည်။လမ်းထိပ်ရောက်ဖို့လမ်းလျှောက်ရင်နာရီဝက်လောက်တော့ကြာနိူင်သည်။သွင်ခက်တစ်ယောက်လမ်းလျှောက်နေရင်း ခေါင်းမော့ကာ လေကိုရှုရှိုက်နေသည်။အဲယားကွန်း ခန်းထဲနေရတဲ့အရသာနှင့်အပြင်ပတ်ဝန်းကျင်ကလေကိုရှုရှိုက်ရင်းနေရတဲ့အရသာကကွဲ ပြားသည်။သွင်ခက်တစ်ယောက်လမ်းလျှောက်နေရင်းအနောက်ကခြေသံကြားလို့လှည့်ကြည့်မိချိန်"အွန့်"
ရုတ်တရပ်ပဝါနှင့်အုပ်ခံလိုက်ရပြီး သွင်ခက်မှာအမှောင်အတိကျရောက်သွားသည်။
.........................
At Company.......
"Boss ဒါကBossတောင်းထားတဲ့လက်မှတ်ထိုးဖို့စာရွက်တွေပါ"
"အင်းချထားလိုက် မနက်ဖြန် လာပို့မဲ့ပစ္စည်းတွေကိုသေချာစစ်ဆေးနော် အရေးကြီးတယ်"
YOU ARE READING
အချစ်စစ်၏စေညွှန်ရာ(Complete)
Romance❤ဆူးခင်းလမ်းတွေဖြစ်နေပါစေ အချစ်စစ်မှန်ရင်တည်မြဲပါတယ်❤