Ep 42(Unicode)
"နင်တို့တွေအသုံးကိုမကျဘူး"
"ကျွန်တော်တို့တောင်းပန်ပါတယ်"လူမသိတဲ့ဂိုထောင်တစ်ခုအတွင်းဆူပူသံတွေကပဲ့တင်ထပ်နေသည်။အပြစ်ရှိ၍ခေါင်းငုံ့ထားကြသောသူတွေနှင့်အစီစဥ်မအောင်မြင်လို့စိတ်ပျက်နေသူမနှင့်တစ်နေရာထဲတွင်ရှိနေကြသည်။"အဲ့လူရော"
"ကျွန်တော်တို့အစဖျောက်လိုက်ပါပြီ"အရှေ့ကခေါင်းငုံ့ကာပြောနေသောသူတွေကိုကြည့်ကာ"နောက်တစ်ခါထပ်ခိုင်းမယ်မလွှဲစေနဲ့"
"ဟုတ်ကဲ့ပါ"ပြောပြီးသည်နှင့်ထွက်သွားသောသူမကြောင့်အခုမှအသက်ရှူချောင်သွားသည့်နှယ်သက်ပြင်းချလိုက်ကြသည်။ခွန်းစစ်တစ်ယောက်ရေချိုးခန်းထဲကထွက်လာတော့ကုတင်ပေါ်တွင်ထိုင်နေသောသွင်ခက်နားသို့ရောက်လာကာ
"ခလေးမျက်နှာသစ်မယ်လေ လာ"
"ရပါတယ် ကျွန်တော့်ဘာသာဘဲ"သွင်ခက်စကားပင်မဆုံးသေး"မရပါဘူး လက်ကအရှင်းပျောက်ဖို့မပြောနဲ့ပတ်တီးတောင်မဖြည်ရသေးတာကို လာကိုယ်သစ်ပေးမယ် ပြီးတော့ရေပါချိုးပေးမယ်"
"ဟင် ရ ရပါတယ် "ရေပါချိုးပေးမယ်ဆိုသောကြောင့်သွင်ခက်တစ်ယောက်မျက်လုံးလေးပြူးသွားကာလန့်သွားသည်။"ခလေးကလည်း မြင်ဖူးတာဘဲကို ဘာတွေရှက်...."
"လူကြီး ဘာတွေပြောနေတာလဲ မနက်စောစောစီးစီး"အရှေ့ကနေမသိသလိုပင်ပြုံးစိစိနဲ့ပြောနေသောလူကြီးအားမျက်စောင်းသာထိုးလိုက်သည်။"အဲ့ဒါဆိုလာလေကွာ ဒီနေ့ကိုယ်ကအလုပ်နားမှာ အပြင်သွားရအောင်"
"တကယ်လား ကျွန်တော့်ကိုအင်္ကျီလိုက်ဝယ်ပေး""ဟုတ်ပြီဗျာ လာသွားမယ်"အခုမှကုတင်ပေါ်ကဆင်းလာသောလူသားလေးအားခွန်းစစ်တစ်ယောက်ရေချိုးခန်းထဲသို့ခေါ်သွားကာမျက်နှာသစ်ရေချိိုးလုပ်ပေးရသည်။
ခွန်းစစ်နှင့်သွင်ခက်တို့အင်္ကျီဝယ်ရန်ကုန်တိုက်တစ်ခုသို့ရောက်လာကြသည်။ခွန်းစစ်ကအဖြူရောင်ရှပ်လေးအားယူလိုက်ကာ
"ခလေးဒါလေးကြိုက်လား"
"အင်း အဖြူလေး မဆိုးဘူးလူကြီးရောယူလေ"သွင်ခက်ပြောတော့ခွန်းစစ်ကမငြင်းဘဲ နှစ်ထည်ယူလိုက်ကာ ဝန်ထမ်းကောင်မလေးအားပေးလိုက်သည်။ပြီးသည်နှင့်သွက်ခက်အားခေါ်၍နောက်တစ်ရာသို့ထပ်သွားပြန်သည်။ဖိနပ်ဆိုင်သို့ရောက်တော့ခွန်းစစ်ကသွင်ခက်အားခုံပေါ်တွင်ထိုင်ခိုင်းကာအနက်ရောင်ဖိနပ်လေးတစ်ရံကိုယူပြီးသွင်ခက်ခြေထောက်လေးအားကိုင်လိုက်ချိန်

ESTÁS LEYENDO
အချစ်စစ်၏စေညွှန်ရာ(Complete)
Romance❤ဆူးခင်းလမ်းတွေဖြစ်နေပါစေ အချစ်စစ်မှန်ရင်တည်မြဲပါတယ်❤