Ep 8(Unicode)
ဒီနေ့Companyနားရက်ဖြစ်၍ခွန်းစစ်ကတော့အိမ်မှာရှိနေသည်။ဝရန်တာ ကနေခြံထဲသို့လှမ်းကြည့်လိုက်တော့ဖုန်းပြောကာခေါင်းတညိတ်ညိတ်လုပ်နေသောသူလေးကြောင့်ပြုံးလိုက်မိသည်။ပြီးသည်နှင့်ဝရန်တာကနေပြန်ဝင်လာပြီးအင်္ကျမဝတ်ရသေးသောခန္ဓာကိုယ်ကြောင့်ဗီရိုကိုဖွင့်ကာအင်္ကျီယူဖို့လုပ်ချိန်အောက်ဆုံးကအိတ်တစ်အိတ်ကိုတွေ့သွား၍
"ဒါကဘာအိတ်ကြီးလဲ အာ..သော်တာ့အဝတ်အိတ်လား ဒီမှာထားတာလားဗီရိုထဲမထည့်ထားဘဲနဲ့"ပြောရင်းပင်ခွန်းစစ်တစ်ယောက်အိတ်ကိုဖွင့်လိုက်ချိန်
"ဟင် ဒါ ဒါကငါ့ဟာလည်းမဟုတ်ပါဘူး"ခွန်းစစ်တစ်ယောက်ယောင်္ကျားလေး အတွင်းခံတွေဖြစ်နေ၍လန့်သွားကာသေချာကြည့်နေမိသည်။
"ဒါတွေကငါ့အခန်းထဲဘယ်လိုရောက်လာတာလဲ
နေပါအုန်းဒီအိတ်ကလက်ထပ်ပွဲနေ့ကအိမ်လာတော့သော်တာယူလာတဲ့အိတ်ကြီးမလား"ခွန်းစစ်လည်းနောက်မှမေးမယ်ဟုတွေးလိုက်ကာအင်္ကျီသာအရင်လဲလိုက်သည်။ထို့နောက် ခြံထဲသို့ဆင်းသွားလိုက်သည်။"ဟုတ်အမေ"
"........""ဟုတ်အမေ စိတ်ချပါ"
"......""သားကရပါတယ်မေမေသာအဆင်ပြေအောင်နေနော်"
"ဟုတ် ဒါဘဲနော်"သွင်ခက်လည်းဖုန်းပြောပြီးသည်နှင့်လေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်သည်။သွင်ခက်အမေကသူ့မိတ်ဆွေတွေနဲ့တရားစခန်းဝင်မယ်ဆိုကာတစ်လလောက်ကြာမည်ပြောလာ၍ အမှန်တိုင်းပြောရရင်သွင်ခက်တစ်ယောက်ပျော်သွားမိသည်။
တော်ကြာနာရေးပြီးလို့အိမ်မပြန်လာရင် အလိမ်အညာကိစ္စတွေအမေသိသွားမှာစိုးလို့ပင်။သွင်ခက်လည်းဖြစ်လာမဲ့အကျိဆက်တွေကိုတွေးပြီးဒန်းပေါ်တွင်ထိုင်နေချိန်
"သော်တာ"
"ဟင် အော် ဟုတ်လာလေ"သွင်ခက်လည်း အရှေ့ကအိမ်နေရင်းပေါ့ပေါ့ပါးပါးအင်္ကျီလေးဝတ်ကာလာရပ်နေသောသူကိုကြည့်ကာ ဒီလိုပုံစံနဲ့လည်းကြည့်ကောင်းတာဘဲဟုတွေးလိုက်မိသည်။"သော်တာ ဒီမှာနေရတာအဆင်ပြေရဲ့လား"
"ဟင် ပြေ ပြေပါတယ်"သွင်ခက်တစ်ယောက်အပြင်မှာသာပြေတယ်ပြောနေတာစိတ်ထဲမှာတော့

ESTÁS LEYENDO
အချစ်စစ်၏စေညွှန်ရာ(Complete)
Romance❤ဆူးခင်းလမ်းတွေဖြစ်နေပါစေ အချစ်စစ်မှန်ရင်တည်မြဲပါတယ်❤