Ep 5(Unicode)
မှန်ရှေ့တွင်မြန်မာဝတ်စုံနှင့်ဆံပင်အတုကို
အနည််းငယ်လိုအပ်တာပြင်ပြီးချိန်အပြင်သွားဖို့အတွက် အောက်သို့ဆင်းလာခဲ့သည်။
ထိုအချိန်အရှေ့သို့ရောက်လာသောအသက်ကြီးကြီးလူကြီးတစ်ယောက်က"မမလေး ကျွန်တော်ကဒီကအိမ်တော်ထိန်းပါ
အရင်နေ့ကရွာပြန်သွားလို့ပါ ဦးငွေလို့ခေါ်လို့ရပါတယ်"
"အာ....ဟုတ်ကဲ့ ကျွန်တော်.....အဲ!!! ကျွန်မကိုမမလေးလို့မခေါ်လည်းရပါတယ်""အဲ့လိုမရလို့ပါ"
"ဟမ် မရ မရဘူးဆိုတာက....."
သွင်ခက်က သူ့ရှေ့က အသက်ကြီးကြီးနဲ့ အိမ်တော်ထိန်းဆိုတဲ့သူအားနားမလည်သလိုကြည့်ကာပြောလိုက်တော့"သူဌေးလေးက မမလေးလို့ဘဲခေါ်ခိုင်းထားပါတယ်"
"အော် အင်း ရပါတယ် ဦးငွေအဆင်ပြေသလိုခေါ်ပါ အခုအပြင်သွားမလို့လေ အဲ့ဒါ...."
"ဟုတ်ကဲ့ ကားကအဆင်သင့်ပါဘဲ မမလေး""အာ....ရတယ် သူငယ်ချင်း လာခေါ်မှာ ဒါဆိုသွားပြီနော်"
သွင်ခက်လည်းအရှေ့ကအိမ်တော်ထိန်းကိုပြုံးပြကာခြံရှေ့တွင်အသင့်ရှိနေသောဘုန်းထက်ကားပေါ်သို့ အမြန်တက်သွားလိုက်သည်။ပြီးသည်နှင့်သော်တာ့အိမ်သွားဖို့စီစဥ်ရတော့သည်။
သော်တာ့အိမ်တွင်......
"တောင်းပန်ပါတယ် ဦးနဲ့ဒေါ်ဒေါ်"
"ရပါတယ်ကွယ် ဒါကလည်းသမီးမကောင်းလို့ပါ အန်တီတို့ကသားလေးကိုတောင်အားနာနေတာ"သွင်ခက်က သော်တာ့မိဘတွေအားအဖြစ်အပျက်တွေကိုရှင်းပြကာပြန်တောင်းပန်နေရသည်။သော်တာ့အဖေဦးမိုးကောင်းကသွင်ခက်အားကြည့်ကာ
"ကျစ်!!! သော်တာမကောင်းလို့ပါ အခုတော့ကြည့်အုန်းယောင်္ကျားလေးတစ်ယောက်ဖြစ်ပြီးမလွတ်မလပ်နဲ့နေနေရတာ"
"ရပါတယ် ဒါကလည်းတစ်ချိန်ချိန်မှာပေါ်သွားရင် ပြီးပါပြီအကြာကြီးလည်းဖုန်းကွယ်လို့မှမရတာ
ဒါမဲ့ဘာဆက်ဖြစ်မလဲသာစိုးရိမ်လို့ပါ"သွင်ခက်အပြောကိုဦးမိုးကောင်းကခေါင်းညိတ်လိုက်ကာ"အင်း ပြဿနာတတ်ရင်တော့မလွယ်ဘူးကွ
ခွန်းစစ်ပဏ္ဏာ ဆိုတာနိူင်ငံခြားမှာရောမြန်မာပြည်မှာရောထိပ်တန်းCompanyအဖြစ်ရှိနေတာသူ့ပိုင်ဆိုင်မှုတွေကတော်တော်များတယ် ဦးတို့လည်းကတိတွေကြောင့်သာ အခုလိုစီစဥ်လိုက်ပေမယ့်အကယ်၍ပေါ်သွားရင် လိမ်လည်မှုနဲ့တရားစွဲရင်တောင်ပြေးမလွတ်ဘူးကွ သူ့ဘာသာပုံမှန်အတိုင်းဘဲနေနေတာ တကယ်သာထောင်ချမယ်ဆို မလွတ်လောက်ဘူး"

ESTÁS LEYENDO
အချစ်စစ်၏စေညွှန်ရာ(Complete)
Romance❤ဆူးခင်းလမ်းတွေဖြစ်နေပါစေ အချစ်စစ်မှန်ရင်တည်မြဲပါတယ်❤