Ep 10(Unicode)
Waiterလေးကမှာထားသည်များကိုလာပို့ချိန်စားပွဲနားသို့ရောက်တော့
ခွမ်း....... ကျယ်လောင်သောအသံတစ်ခုနှင့်အတူလက်ထဲက ကော်ဖီတွေပါခွန်းစစ်နှင့်ရတုပေါ်သို့မှောက်သွားသည်။
"ဟာ သွားပြီ"
"ကျစ်......"ခွန်းစစ်တစ်ယောက်အရှေ့ကကောင်လေးအားမျက်မှောင်ကြုတ်ကာကြည့်လိုက်မိသည်။ထိုအချိန်......"ဘာဖြစ်တာလဲ ဇော်ထက်"အသံနှင့်အတူအနားသို့ရောက်လာသောသူကြောင့်မော့ကြည့်လိုက်ချိန်
"ဟင်"ခွန်းစစ်တစ်ယောက်အာမေဋိတ်အသံနှင့်အတူအံ့သြ သွားရကာ
စိတ်ထဲတွင်လည်း'ဒီကောင်လေးကသော်တာနဲ့တူလိုက်တာမျက်နှာက အာ.......ဒါပေမယ့်သူကယောကျာ်းလေးကို'
ထိုအချိန်အရှေ့ကWaiterလေးက
"ဟိုအကိုလေးကျွန်တော်တောင်းပန်ပါတယ်
ဒီကဧည့်သည့်ကိုလည်းတောင်းပန်ပါတယ်"ကောင်လေးကခေါင်းငုံ့နေတာကြောင့်သွင်ခက်တစ်ယောက်ကောင်လေးအားကြည့်ကာ"ဘယ်လိုဖြစ်တာလဲ ဇော်ထက်"
"ဟို ကျွန်တော်ဒါတွေဒီဝိုင်းကိုလာပို့တော့ဟိုဘက်ထောင့်ဝိုင်းနားကနေပြန်သွားတဲ့မိသားစုထဲက ခလေးမလေးက ကျွန်တော့်ကိုဝင်တိုက်သွားလို့ကျွန်တော်ချော်လဲသွားပြီးဒီလိုဖြစ်သွားတာပါ"
သွင်ခက်ကကောင်လေးစကားဆုံးတာနဲ့ တောင်းပန်ဖို့အတွက်အရှေ့ကလူကိုကြည့်လိုက်ချိန်'ဟင် လူ လူကြီး ကျစ် သွင်ခက်ရေ ကံဆိုးတာဘဲ'
ဘေးနားကထက်ပိုင်လည်းမျက်နှာတွေပျက်ကာနေနေသည်။
'သွင်ခက်ရေ ရှောင်ပေတော့'
"ဟို ဒီကဧည့်သည်ကိုကျွန်တော်ကဘဲတောင်းပန်ပါတယ်နော် ဒီဘက်ကဧည့်သည်ကိုလည်းတောင်းပန်ပါတယ် ကျွန်တော့်ဝန်ထမ်းကတမင်လုပ်တာမဟုတ်ပါဘူး ခလေးလေးကြောင့်မတော်တဆဖြစ်သွားလို့ပါ"သွင်ခက်ရဲ့စကားအဆုံးခွန်းစစ်လည်း
"အင်း ရပါတယ် ကိုယ်လည်းဒီနေ့စိတ်မကြည်လို့ဒီမှာလာနားတာဆိုတော့ ဒီလိုဖြစ်သွားတော့ နဲနဲဒေါသထွက်သွားတာပါ"
"အားနာလိုက်တာဗျာ ကျွန်တော်ကဘဲ ဒီနေ့ဧည့်သည်တို့နှစ်ယောက်ကိုဧည့်ခံပါ့မယ် ဟို အဝတ်စားတွေက....."သွင်ခက်တစ်ယောက်အရှေ့ကပေနေသောခွန်းစစ်တို့ကိုကြည့်ကာပြောတော့

YOU ARE READING
အချစ်စစ်၏စေညွှန်ရာ(Complete)
Romance❤ဆူးခင်းလမ်းတွေဖြစ်နေပါစေ အချစ်စစ်မှန်ရင်တည်မြဲပါတယ်❤