Ep 29(Unicode)
ဒီနေ့ခွန်းစစ် ဘန်ကောက်သွားမှာဖြစ်၍လေယာဥ်ကွင်းသို့သွားနေသည်။သွင်ခက်ကတော့ခွန်းစစ်ကိုလိုက်ပို့ချင်သော်လည်းပင်ပန်းမယ်ဆိုကာမလိုက်ပို့ခိုင်းသောကြောင့်အိမ်မှာသာနေခဲ့ရသည်။ရတုကိုတော့မြန်မာပြည်ကCompanyအတွက်နေခိုင်းခဲ့ကာခွန်းစစ်တစ်ယောက်တည်းသွားလိုက်သည်။
လေယာဥ်ချိန်နီးပြီဖြစ်၍ခွန်းစစ်တစ်ယောက်အရှေ့သို့သွားလိုက်ချိန်
"အ့ ရှင်မမြင်ဘူးလား "
"Sorry ကိုယ်လောနေလို့"ခွန်းစစ်လည်းဝက်တိုက်မိသောမိန်းခလေးအားပြောပြီးသည်နှင့်အရှေ့ကိုသာဆက်သွားလိုက်သည်။ကျန်ခဲ့သည့်မိန်းခလေးကတော့ခွန်းစစ်အားတမင်လည်ပြန်ကြည့်ကာ"ချောလိုက်တာ အဟက် ကျွန်မတော့ရှင်ကိုကြိုက်သွားပြီ"ပြီးသည်နှင့်ထိုမိန်းခလေးကလူတစ်ယောက်ဆီသို့ဖုန်းခေါ်လိုက်ကာ
"အေးငါရောက်ပြီ"
"......""အဲ့မှာဘဲစောင့်နေလေ ငါလာခဲ့မယ်"ပြောပြီးသည်နှင့်အပြုံးတစ်ခုကိုပန်ဆင်ကာလေယာဥ်ကွင်းမှထွက်လာခဲ့သည်။
သွင်ခက်ကတော့ဒီနေ့သော်တာပြန်လာမယ်ဆိုလို့ဆိုင်မှာသာစောင့်နေသည်။မနေ့ကမှဆေးကဝယ်လာသောစာအုပ်တွေကိုစင်ပေါ်တွင်သူ့နေရာနဲ့သူသေချာတင်နေချိန်......
"သွင်ခက်"
"ဟာ လာပြီလား သော်တာ"သွင်ခက်ကသော်တာ့ကိုမြင်သည်နှင့်စာအုပ်တွေကိုခဏထားခဲ့ကာ
သော်တာ့ကိုဝိုင်းတစ်ဝိုင်းတွင်နေရာပေးလိုက်ပြီးကော်ဖီမှာပေးလိုက်သည်။"ဘယ်လိုလဲ ပြန်ရောက်ပြီဆိုတော့ ပြန်မသွားတော့ဘူးမလား"
"အင်းအစကတော့ပြန်သွားမလို့ဘဲ ဒါမဲ့ခုတော့မသွားတော့ဘူးဟ"ပျော်မြူးကာပြောနေသောသော်တာကြောင့်"ဘာလဲ ဒီမှာဘဲ အပျိုကြီးလုပ်မလို့လား"
"သေလေ ငါ့နှလုံးသားရဲ့ပိုင်ရှင်ကိုတွေ့လာလို့"လာချပေးသောကော်ဖီခွက်ကောက်ကိုင်လိုက်ကာပေါ့ပေါ့ပါးပါးပြောလာသောသူမက
အရင်ကထက်ပိုဆွဲဆောင်မှုရှိနေသည်။"ဟုတ်ပါပြီ"
"ဒါနဲ့နင့်လူကြီးရော"သော်တာ့အမေးကိုသွင်ခက်ကမျက်နှာမဲ့ကာ