Ep 9(Unicode)
ခွန်းစစ်တစ်ယောက်သူ့လူကြီးCompanyသွားတာနဲ့သူလည်းဘုန်းထက်ကိုလာခေါ်ခိုင်းကာဆိုင်သို့သွားရန်ပြင်လိုက်သည်။ဘုန်းထက်အဖေကသူ့သားအားအလိုလိုက်ပြီးချစ်ပေးကာCompany
ဝန်ထမ်းတာင်မလုပ်ခိုင်းဘဲ သူမအားတဲ့အချိန်မှခဏလာခိုင်း၍ဘုန်းထက်တစ်ယောက်ကအချိန်ပြည့်အားနေသည်။ခဏအကြာ ဘုန်းထက်ဆီမှ ဖုန်းလာသော
ကြောင့်ကိုင်လိုက်ကာ"အေးဘုန်းထက်ငါလာပြီ"
"အေးအေး ငါအဝတ်တွေပါယူလာတယ်"သွင်ခက်တစ်ယောက်အောက်ကိုအမြန်ဆင်းသွားကာခြံထဲမှထွက်ပြီးဘုန်းထက်ကားထဲသို့ဝင်လိုက်သည်။ပြီးသည်နှင့်ဆိုင်မရောက်ခင်လူပြတ်တဲ့တစ်နေရာမှာကားရပ်ကာအဝတ်စားလဲလိုက်သည်။တော်သေးသည်ဘုန်းထက်ကားမှန်ကအပြင်ကနေကြည့်ရင်မမြင်ရ၍ပင်။ခဏအကြာအဝတ်စားလဲ ပြီး၍ဆိုင်သို့မောင်းလာခဲ့သည်။
အပြင်သွားရင်အဝတ်စားလဲရတာကလည်းဒုက္ခတစ်ခုပင်။နာရီဝက်လောက်အကြာ ဆိုင်ရှေ့သို့ရောက်ပြီဖြစ်၍တံခါးဖွင့်ကာဆိုင်ထဲသို့ဝင်သွားချိန်
"ဟာ အကို မလာတာတောင်ကြာပြီ ဆိုင်ကိုပစ်ထားတယ်နော်"သွင်ခက်ကဆိုင်ရှင်ဆိုပေမယ့်မာနကြီးမှုမရှိဘဲ ဝန်ထမ်းတွေကိုသူငယ်ချင်းလိုသာပေါင်းပေးသည်။Coffeeဆိုင်ကလည်းအကြီးကြီးမဟုတ်ဘဲ အေးအေးဆေးဆေးနဲ့ သောက်လို့ကောင်းအောင်လောက်ဘဲ ပြင်ထားကာစိတ်အပန်းဖြေစေရန်ပုံစံမျိုးလေးလုပ်ထားတာ
ကြောင့်အရမ်းမကြီးပေ။ဆိုင်ထဲတွင်လည်းစာအုပ်စင်လေးထားပေး၍ တော်တော်များများကသဘောကျကြသည်။
ဝန်ထမ်းကလည်းလေးယောက်သာရှိ၍ဆိုင်လေးကတိတ်ဆိတ်နေသည်။"မဟုတ်ပါဘူးကွာ ငါမအားလို့ပါ"
"Boss ဘာသောက်မလဲ"
"အဲ့Bossကြီးမခေါ်စမ်းပါနဲ့ဆိုကွာ ဒီကောင်ကတော့ ဘာမှမသောက်ဘူးသွားတော့"
"Bossတို့ကတော့လုပ်ပြီ"မခေါ်နဲ့ဆိုတာတောင်မရရအောင်ခေါ်သွားသောသူကြောင့်ဘုန်းထက်တစ်ယောက်ရယ်လိုက်သည်။"လာဘုန်းထက် နားနေခန်းသွားမယ်"
"အေး ငါလည်းညောင်းနေတာဒီရက်ပိုင်းနေလို့အဆင်မပြေဘူးကွာ"ပြောရင်းနဲ့နှစ်ယောက်သားနားနေခန်းထဲသို့ဝင်သွားကြသည်။နားနေခန်းထဲတွင်