Ep 6(Unicode)
ဒီနေ့နဲ့ဆိုသွင်ခက် အမေဖြစ်သူနဲ့မတွေ့ရသည်မှာလေးရက်ပင်ရှိပြီဖြစ်သည်။ဒီနေ့တော့အိမ်ကိုသွားဖို့ဆုံးဖြတ်ထားသည်။မနက်စာစားနေရင်းသွင်ခက်လည်းအရှေ့ကလူကြီးကိုကြည့်လိုက်ကာ
"ဟို ဟို သော်တာလေအပြင်သွားချင်လို့"
"အင်းသွားလေ ကိုယ်ပို့ပေးရမလား""ရတယ်မပို့ပါနဲ့"
"အဲ့ဒါဆို ကားယူသွားအုန်း""ရတယ် သူငယ်ချင်းကိုလာခေါ်ခိုင်းမယ်"
"သူငယ်ချင်းကဘယ်သူလဲ"သွင်ခက်ကိုကော်ဖီသောက်ရင်းမေးနေပုံကအေးစက်စက်နှင့်ပင်။
အခုမှ မနားတမ်းမေးနေပုံက သွင်ခက်မှာ သူ့ရှေ့က တရားခံလိုလိုပင်။"ဟိုအဲ့ဒါငယ်ငယ်ထဲကပေါင်းလာတဲ့သူငယ်ချင်းပါ"
"အင်းမိန်းခလေးလား"
"မဟုတ်ဘူး ယောင်္ကျားလေးပါ" သွင်ခက်စကားကြောင့် ခွန်းစစ်ပဏ္ဏာ မျက်ခုံးတစ်ချက်ပင့်မိသွား
သည်။"အင်းသွားချင်လည်းသွားလေ သူနဲ့"
"ဟုတ် ကျေးဇူးပါ"သွင်ခက်လည်းခွင့်ပြုချက်ရသည်နှင့်ပျော်သွားကာမနက်စာကိုအမြန်စားပြီးအပေါ်တက်၍ဘုန်းထက်ကိုဖုန်းခေါ်လိုက်သည်။ပြီးသည်နှင့်အဝတ်စားလဲကာအောက်ဆင်းလာပြီး"ဟို သွားပြီနော်"
"အင်း"
သွင်ခက်တစ်ယောက်အိမ်ဝသို့ရောက်ချိန်ရတုဆိုသောလူကရောက်လာ၍ပြုံးပြလိုက်ကာခြံပြင်သို့ထွက်သွားလိုက်သည်။ရတုလည်းအိမ်ထဲသို့ဝင်လာပြီးမနက်စာဝိုင်းတွင်ထိုင်နေသောခွန်းစစ်ကြောင့်အနားသို့သွားလိုက်ကာ
"Boss morning ပါ Bossစုံစမ်းခိုင်းတဲ့ဟာရပါပြီ"
"အင်း မင်းကော်ဖီသောက်လိုက်အုန်းငါအပေါ်တက်ပြီးအဝတ်စားလဲအုန်းမယ်"ရတုလည်းခွန်းစစ်အားခေါင်းညိတ်ပြကာမနက်စာစားလိုက်သည်။
တချို့သူတွေကိုသာသူ့နေရာနှင့်သူထားကာဆက်ဆံသောခွန်းစစ်က သူငယ်ငယ်လေးထဲကအိမ်တော်ထိန်းလုပ်လာသည့်ဦးငွေနှင့်ရတုကိုတော့မိသားစုတွေလိုဆက်ဆံတတ်သည်။
.............................သွင်ခက်တစ်ယောက်ဘုန်းထက်ကိုအဝတ်စားတွေယူလာခိုင်းကာ ကားပေါ်တွင်ဘဲ လဲလိုက်သည်။ပြီးသည်နှင့်မှန်ထဲကိုကြည့်ကာ
ŞİMDİ OKUDUĞUN
အချစ်စစ်၏စေညွှန်ရာ(Complete)
Romantizm❤ဆူးခင်းလမ်းတွေဖြစ်နေပါစေ အချစ်စစ်မှန်ရင်တည်မြဲပါတယ်❤