Ep 17(Unicode)
သွင်ခက်တစ်ယောက်ဒီနေ့အမေဖြစ်သူဆီကိုဘုန်းထက်နှင့်သွားမလို့ဆိုကာဘုန်းထက်ကိုအစောကြီးစာပို့ထားသည်။ခဏအကြာပြန်စာရောက်လာ၍ကြည့်လိုက်တော့ဘုန်းထက်ဆီက'ငါလာခေါ်မယ်'ဆိုတာကြောင့်ဖုန်းကိုလက်ကချကာရေချိုးခန်းထဲသို့ပြေးလိုက်သည်။ဟိုလူကြီးကတော့ဘယ်ချိန်ကထသွားမှန်းတောင်မသိလိုက်ပါ။
သွင်ခက် ရေချိုးပြီးတော့အခုမှဝတ်စရာမရှိတာမှန်းသတိရကာ
"ဟုတ်သားဘဲ ငါ့မှာမိန်းခလေးဟာတွေဘဲရှိတာ ဟိုဝတ်စုံကလည်းမနေ့ကဝတ်ပြီးလို့အခုတောင်လျှော်လိုက်ပြီ"သွင်ခက်လည်းကုတင်ပေါ်မှဖုန်းကိုယူလိုက်ကာတစ်ဦးတဘ်းသောသူငယ်ချင်းလေးအား ဖုန်းခေါ်ရပြန်သည်။
တီ....တီ.... တီ.....
"ဟယ်လို ဘုန်းထက် ငါ့မှာအဝတ်စားအပိုမရှိတော့ဘူး အဲ့ဒါ မင်းအိမ်ကနေ ငါ့အဝတ်စားလေးယူခဲ့ပါလား"
"အေးအေး တစ်စုံထဲလား"
"အေးဟုတ်တယ် "ပြီးသည်နှင့်ဖုန်းချလိုက်ကာသွင်ခက်လည်း ရေချိုးပြီးရင်ဝတ်တဲ့အဖြူရောင်ဝတ်စုံကိုသာဝတ်ထားလိုက်သည်။အရင်ကဆို
ဘုန်းထက်အိမ်မှာညအိပ်တာတွေရှိ၍သွင်ခက်အဝတ်အစားကဘုန်းထက်အိမ်မှာတောင်ရှိနေသည်။သွင်ခက်တစ်ယောက်ထိုင်နေရင်းသော်တာ့ကိုသတိရကာ
"ငါတို့အလိမ်တွေပေါ်သွားပြီဆိုတာပြောလိုက်ရမလာသော်တာ့ကို"
"ကျစ် မဖြစ်သေးပါဘူး သူ့မိဘတွေကိုစိတ်ပူပြီးပြန်လာနေမှဖြင့်သူ့ရည်ရွယ်ချက်တွေမအောင်မြင်ဘဲ ဖြစ်နေအုန်းမယ်"သွင်ခက်လည်းဖုန်းဖွင့်ပြီးသီချင်းနားထောင်ကာကုတင်ပေါ်မှာသာနေနေလိုက်သည်။ခဏအကြာဖုန်းလာ၍ကိုင်လိုက်တော့
"ဟယ်လိုသွင်ခက် ငါအိမ်ရှေ့ရောက်နေပြီ "
"အဲ့ဒါဆိုဝင်လာလေ"
"ရပါ့မလားကွ"
"ဖြစ်ပါတယ်ကွာ"
"ပြီးရော"ဘုန်းထက်လည်းခြံတံခါးစေ့ထားတာတွေ့၍ကိုယ့်ဘာသာကိုဝင်သွားတော့သည်။အိမ်ထဲသို့ရောက်တော့ဧည့်ခန်းထဲတွင်ထိုင်နေသောခွန်းစစ်ကြောင့်ခြေလှမ်းတို့ရပ်သွားကာ"အကိုခွန်းစစ်"
"ဪ ညီဘာကိစ္စရှိလို့လဲ" ဘုန်းထက်က ကြောက်ကြောက်နှင့်ပင်အပေါ်ထပ်ကိုလက်ညှိုးလေးထိုကာ

YOU ARE READING
အချစ်စစ်၏စေညွှန်ရာ(Complete)
Romance❤ဆူးခင်းလမ်းတွေဖြစ်နေပါစေ အချစ်စစ်မှန်ရင်တည်မြဲပါတယ်❤