Ep 55 final

3.9K 74 6
                                    

Ep 55 Final (Uni)

လမင်းကြီးသာနေသောညသန်းခေါင်ယံအချိန်တွင် ကုတင်ပေါ်၌လူးလွန့်နေသောလူတစ်ယောက်။

'အင်း......'

ခွန်းစစ်တစ်ယောက်အကြောဆန့်ကာတစ်ရေးနိူးလာခဲ့သည်။ထိုအချိန်ဘေးနားသို့လက်ဖြင့်စမ်းလိုက်သောအခါအေးစက်နေသော နေရာသာကျန်နေခဲ့၍ချက်ချင်းပင် လှဲနေရာမှထ ထိုင်လိုက်ကာ

"ဟင် ခလေးဘယ်ရောက်သွားလဲဲ"

ချက်ချင်းပင် ဘေးနားတွင်သွင်ခက်အားမတွေ့၍ ကုတင်ပေါ်ကဆင်းကာ ရေချိုးခန်းထဲသို့ဝင်ကြည့်မိသည်။ရေချိုးခန်းထဲတွင်လည်း သွင်ခက်အားမတွေ့၍

"ခလေး.....  ခလေး ဘယ်မှာလဲ"

အော်ခေါ်နေသော်လည်း ပြန်ထူးသံမကြားရ၍
အိပ်ခန်းဘေးမှာရှိနေသောစာကြည့်ခန်းထဲသို့ဝင်ကြည့်လိုက်သည်။သို့ပေမယ့်အချည်းနှီးသာ သွင်ခက်အားမတွေ့၍အောက်သို့ဆင်းလာကာဧည့်ခန်းထဲသို့ရှာကြည့်သော်လည်းမတွေ့၍ ခွန်းစစ်တစ်ယောက် ချွေးပြန်လာကာစိတ်ပူနေမိသည်။

ထိုအချိန်.......

'ဂွမ်....ချွင်....'

ခွန်းစစ်တစ်ယောက်ခြံထဲသို့ဆင်းကာရှာမယ်ကြံလိုက်ချိန် မီးဖိုခန်းထဲမှအသံကြားရ၍အထဲသို့ဖြေးဖြေးချင်းဝင်သွားလိုက်သည်။မီးအမှောင်ချထားသောမီးဖိုခန်းဖြစ်၍ခွန်းစစ်လည်းနံရံကမီးခလုတ်အားဖွင့်လိုက်သည်။သို့ပေမယ့်အသံသာကြားရပြီးဘယ်သူမှမတွေ့၍ရှေ့ဆက်သွားလိုက်ချိန်

"အမယ်လေး....ခ ခလေး"
"လူကြီး"

စားပွဲခုံအောက်တွင်ပြန့်ကြဲနေသောထမင်းလုံးတွေနှင့်အတူပါးစပ်ထဲမှာလည်း ထမင်းအဝါးမပျက်ရှိနေသောသွင်ခက်အားခွန်းစစ်တွေ့လိုက်ရ၍ လန့်သွားသည်။

"ခလေး ဒါကဘယ်လိုဖြစ်နေရတာလဲကွာ ဟင်"
"ဟို ဗိုက်ဆာလို့"

ပါးစပ်ထဲတွင်ဝါးနေသောထမင်းကိုအတင်းမျိုချကာပြောနေသောသွင်ခက်ကြောင့်ခွန်းစစ််ရယ်လည်းရယ်ချင်နေမိသည်။အခုခွန်းစစ်ပုံစံကစားပွဲခုံအောက်မှာဒူးနှစ်ဖက်ထောင်ကာ
ပြန့်ကြဲနေတဲ့ထမင်းတွေနဲ့အတူပါးမှာလည်းထမင်းလုံးတွေကပ်နေပြီးညာဘက်လက်တွင်ဇွန်းအရှည်လေးကိုကိုင်ကာ ဘယ်ဘက်လက်ထဲတွင်လည်းထမင်းဇလုံလေးအားကိုင်ထားသည်။ခွန်းစစ်ကသွင်ခက်၏ရှေ့တွင်ဒူးတစ်ဖက်ထောက်ထားကာသူ၏ခလေးလေးအားပြုံးကြည့်နေသည်။

Você leu todos os capítulos publicados.

⏰ Última atualização: Aug 21, 2022 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

အချစ်စစ်၏စေညွှန်ရာ(Complete)Onde histórias criam vida. Descubra agora