Ep 18(Unicode)
သွင်ခက်တို့အိမ်ရှေ့ရောက်တာနဲ့သွင်ခက်အိမ်ကခြံစောင့်ဦးလေးကြီးကတံခါးလာဖွင့်ပေးသည်။သွင်ခက်တို့ကအချမ်းသာကြီးမဟုတ်ပေမယ့်သူ့ဟာနှင့်သူတော့အဆင်ပြေသည်။သွင်ခက်တို့သုံးယောက်လည်းကားပေါ်ကဆင်းကာအိမ်ထဲသို့ဝင်လိုက်တောဧည့်ခန်းထဲတွင်ထိုင်နေသောအမေဖြစ်သူက သိုးမွှေးထိုးနေလေသည်။သွင်ခက်လည်းအသက်ကိုဝအောင်ရှူလိုက်ကာအခဖိုသာဆုံးပြုံးလိုက်ပြီး.......
"မေမေ သားလာပြီ"
"ဪသားလေး "သွင်ခက်တစ်ယောက်အမေဖြစ်သူကိုကြည့်တော့မျက်နှာမလန်း၍နည်းနည်းတော့စိတ်ပူသွားသည်။"မေမေနေမကောင်းဘူးလား"
"အင်းကောင်းပါတယ် သားလေးရဲ့ ဪဧည့်သည်တွေလည်းပါလာတာကို လာထိုင်ပါ"ခွန်းစစ်တို့လည်းသွင်ခက်တို့သားအမိနှစ်ယောက်ရှေ့တွင်ထိုင်လိုက်သည်။ခွန်းစစ်က သွင်ခက်၏အိမ်လေးကိုမျက်လုံးဝေ့ကြည့်နေသည်။ထိုစဥ်သွင်ခက်ကတိတ်ဆိတ်နေသောစကားဝိုင်းကိုဖြိုခွင်းလိုက်သည်။
"မေမေ ဒါကဦးခွန်းစစ်ပဏ္ဏာပါ"
"အကို ဒါက ကျွန်တော့်အမေ အဖေကတော့ဆုံးသွားတာကြာပြီ အမေက အငြိမ်စားကျောင်းဆရာမပါ"
"ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ် အန်တီ""အင်း ခွန်းစစ်ပဏ္ဏာ ဆိုတော့ Khoon Companyကလား သားက"
"ဗျာ ဟုတ်ပါတယ်"ဒေါ်စန္ဒာရဲ့စကားကြောင့်သွင်ခက်ကအမေဖြစ်သူအားကြည့်ကာ'ဘယ်လိုသိတာလဲ'ဟူ၍တွေးနေမိသည််။"မေမေ အကို့ကိုသိလို့လား"
"အင်း ဒီမှာလေ"ဒေါ်စန္ဒာကအရှေ့ကတင်ထားသောသိုးမွှေးလုံးလေးရဲ့ဘေးကသတင်းစာကိုပြလိုက်တော့ သွင်ခက်တစ်ယောက်မျက်လုံးပြူးသွားသည်။
သတင်းစာခေါင်းကြီးပိုင်းတွင် Khoon Company ကဦးခွန်းစစ်ပဏ္ဏာကယောင်္ကျားလေးအချင်းချင်းယူထားတာ ဆိုသောခေါင်းစဥ်နှင့်သူတို့နှစ်ယောက်ပုံတွေကြောင့်"မေမေ အဲ့ အဲ့ဒါကလေ...."
"အင်းမေမေ့ကိုရှင်းပြ" ဒေါ်စန္ဒာက ကျောင်းဆရာမပီပီ အရာရာကိုတည်တည်ငြိမ်ငြိမ်၊အေးအေးဆေးဆေးနှင့်ပင်ဖြေရှင်းတတ်သည်။
ခွန်းစစ်ကတော့သတင်းစာပြလိုက်တာနဲ့သဘောပေါက်ကာ

YOU ARE READING
အချစ်စစ်၏စေညွှန်ရာ(Complete)
Romance❤ဆူးခင်းလမ်းတွေဖြစ်နေပါစေ အချစ်စစ်မှန်ရင်တည်မြဲပါတယ်❤