Ep 41(Unicode)
သွင်ခက်ကထိုင်ပြီးသူ့အားကြည့်နေသောခွန်းစစ်ကြောင့်
"ခဗျား ပြန်တော့လေ ကျုပ်ကိုမတွေ့ချင်ဘူးဆို"
"ခလေးရယ် တောင်းပန်ပါတယ်ကိုယ်စိတ်မထိန်းနိူင်လို့ပြောခဲ့မိတာပါ"အခုမှလက်လေးအားလာကိုင်ပြီးတောင်းပန်နေသောသူကြောင့်သွင်ခက်တစ်ယောက်မျက်စောင်းထိုးလိုက်ကာ"ခဗျားဘဲ ကျုပ်လိုလူနဲ့မနေချင်ဘူးဆို"
"ခလေးရာ ကိုယ်မှားပါတယ်နော် ကိုယ် ခလေးကိုစိတ်ပူနေတာ ဒါတွေကကိုယ်မကောင်းလို့ပါ"သွင်ခက်လည်းတောင်းပန်နေသောခွန်းစစ်ကြောင့်ရှင်းပြဖို့ပြင်လိုက်သည်။
"ကျုပ်နဲ့သူနဲ့ကဘာမှမဖြစ်ပါဘူး ကျုပ်သူ့ကိုလည်းမသိဘူး တစ်ယောက်ယောက်လုပ်ကြံတာထင်တယ်"
"အင်း ကိုယ်ယုံတယ်နော် အခုကိုယ်နဲ့အတူပြန်နေနော် ခလေးကို ကိုယ်ပြုစုမယ်"
"မနေဘူး ခင်ဗျားကမလိုရင်ကျုပ်ကိုနှင်အုန်းမှာ"ချက်ချင်းပင်ခေါင်းထောင်ကာလက်ကိုပြန်ရုန်းပြီးပြောလာသောကြောင့်"မနှင်ပါဘူးကွာပြီးတော့ခင်ဗျားလို့မပြောနဲ့လေကွာ နော် ကိုကိုလို့ခေါ်ကြည့်ပါလား ဟင်"
"မခေါ်ပါဘူး"သွင်ခက်ပြောလိုက်ချိန် မျက်နှာညှိုးသွားသောခွန်းစစ်ကြောင့်"ကိုကို"
"ဟင် ဘာပြောလိုက်တာ"မသိသလိုမေးနေသောသူကြောင့်"ကိုကို ရပြီလား"
"အာ....နားထဲကိုပျားရည်လောင်းလိုက်သလိုဘဲ""အပိုတွေ နောက်မှသံရည်ပူလို့လာပြောရင်အသေဘဲနော်"
"မပိုပါဘူး ဪဒီကိစ္စကိုခလေးအမေကိုမပြောနဲ့နော် စိတ်ပူနေမယ်"
"အင်းပါ ဟိုဘက်က ကားသမားကလဲဒီလောက်လမ်းရှင်းနေတာကို တမင်များတိုက်သလားလို့တောင်ထင်ရတယ် "သွင်ခက်ကနှုတ်ခမ်းလေးဆူကာပြောနေ၍"အဲ့ကားသမားရော"
"မသိဘူးလေ အဲ့နားကလူတွေရဲတိုင်မယ်ထင်တယ်"သွင်ခက်အပြောကြောင့်ခွန်းစစ်ကပြုံးပြလိုက်သည်။'အင်း မဖြစ်ဘူး တစ်ခုခုစီစဥ်ရမယ်'
🌿🌿🌿🌿🌿🌿🌿
တစ်ဖက်တွင်
ဘုန်းထက်နှင့်ရတုတို့ဆေးရုံနားက စားသောက်ဆိုင်တစ်ဆိုင်မှာစားစရာတွေဝင်ဝယ်ကြသည်။ပြီးသည်နှင့်ကားထဲသို့ဝင်လိုက်တော့ရတုက မမောင်းသေးဘဲ ဘုန်းထက်အားကြည့်နေသည်။ဘုန်းထက်တစ်ယောက်အထုပ်တွေကိုနောက်ခန်းထဲထည့်ပြီးသည်နှင့်အရှေ့ကိုလှည့်လိုက်ချိန်သူ့ကိုကြည့်နေသောရတုကြောင့်
YOU ARE READING
အချစ်စစ်၏စေညွှန်ရာ(Complete)
Romance❤ဆူးခင်းလမ်းတွေဖြစ်နေပါစေ အချစ်စစ်မှန်ရင်တည်မြဲပါတယ်❤