Ep 27

2K 82 0
                                    

Ep 27(Unicode)

သွင်ခက်တစ်ယောက်ညနေအိမ်သို့ပြန်ရောက်တော့ပင်ပန်းနေတာနဲ့ရေချိုးခန်းထဲသို့သွားကာခေါင်းလျှော်၍ရေပါတစ်ခါထဲချိုးလိုက်သည်။ပြီးသည်နှင့်ခြံထဲသို့ဆင်းကာပြန်မလာသေးသောလူကြီးကိုထိုင်စောင့်နေလိုက်သည်။သွင်ခက်လည်းပျင်းတာနဲ့ခြံထဲတွင်ဂိမ်းဆော့နေတာနာရီဝက်ပင်ရှိနေပြီဖြစ်သော်လည်းလူကြီးကပြန်မလာသေးပေ။ခဏအကြာခြံထဲသို့ကားဝင်လာသောကြောင့်ကြည့်လိုက်တော့ဘုန်းထက်ကားဖြစ်နေသည်။ဘုန်းထက်ကိုလက်လှမ်းပြတော့ဘုန်းထက်ကသွင်ခက်နေနေသောဒန်းပေါ်သို့လာထိုင်သည်။

"ဘုန်းထက် ဘာကိစ္စရှိလို့လဲ အလည်လာတာလား"
"အေးလမ်းကြုံလို့ငါမင်းအတွက်ကြက်ကြော်ဝယ်လာတာ ရော့"သွင်ခက်တစ်ယောက်ကြက်ကြော်ကိုလှမ်းယူလိုက်ကာ

"ကျေးဇူးကွာ ငါလည်းတစ်ခုခုစားချင်နေတာနဲ့အတော်ဘဲ မင်းလည်းစားမှာလားသွားထည့်လိုက်မယ်" ဘုန်းထက်ကခေါင်းခါလိုက်ကာ

"မစားတော့ဘူးငါကအိမ်ရောက်မှစားမှာ"

"အန်တီဆီတောင်မနေ့ကရောက်သေးတယ်"
"ဟင် မေမေနေမကောင်းလို့လား ဟိုနေ့ကငါသွားတာတော့အကောင်းကြီးပါ"ဘုန်းထက်တစ်ယောက်အမေဖြစ်သူအားစိတ်ပူနေသောသွင်ခက်ကိုကြည့်ကာအမေချစ်သားလေးပါလားလို့တောင်းတွေးမိသွားသည်။

"မဟုတ််ပါဘူးကွာ ဒီတိုင်းအလည်သဘောပါ တကယ်တော့ထမင်းသွားစားတာ ဟီးဟီး"
"ခွေးကောင်လန့်သွားတာဘဲ"အခုမှသက်ပြင်းလေးချလိုက်သောသွင်ခက်ကိုကြည့်ကာ

"မင်းလူကြီးရောမလာသေးဘူးလား"
"အေးမလာသေး........အာ ပြောရင်းနဲ့လာပြီ"ခွန်းစစ်တို့ကားလာတာနဲ့သွင်ခက်နှင့်ဘုန်းထက်တို့မတ်တပ်ထရပ်လိုက်သည်။ခွန်းစစ်ကသွင်ခက်တို့နားသို့လာကာ

"ဘုန်းထက်ရောက်နေတာဘဲ"
"ဟုတ်အကို"ဘုန်းထက်ကခွန်းစစ်ကနောက်ကရတုကိုမြင်တာနဲ့မျက်နှာလွှဲလိုက်ကာချက်ချင်းပင်အပြုံးတို့ကရပ်တန့်သွားသည်။ပြီးသည်နှင့်သွင်ခက်ဘက်သို့လှည့်ကာ

"သွင်ခက်ငါသွားတော့မယ် အကိုကျွန်တော်သွားတော့မယ် အလုပ်လေးရှိသေးလို့"
"အင်းအင်း"ဘုန်းထက်က ကားနားသို့သွားတော့သွင်ခက်တို့လည်းအိမ်ထဲသို့ဝင်သွားကြသည်။ရတုတစ်ယောက်အရှေ့ကနေမမြင်ချင်ယောင်ဆောင်သွားသောဘုန်းထက်ကြောင့်အမြန်ပင်ကားနားသို့သွားကာဘုန်းထက်အားလက်ဆွဲလိုက်သည်။

အချစ်စစ်၏စေညွှန်ရာ(Complete)Where stories live. Discover now