Ep 15(Unicode)
ခွန်းစစ်တစ်ယောက်ဒီနေ့သော်တာနှင့်hot potလုပ်စားမယ်ဆိုပြီးတွေးထားတာကြောင့်အလုပ်ကနေစောစောပြန်လာခဲ့သည်။ခြံထဲသို့ကားရောက်တာနဲ့ခွန်းစစ်လည်းဆင်းလိုက်ကာ
ဧည့်ခန်းထဲကိုကြည့်လိုက်တော့သွင်ခက်မရှိ၍ဝယ်လာသောအထုတ်တွေကိုမီးဖိုချောင်ထဲသို့ထည့်လိုက်သည်။ပြီးသည်နှင့်ရတုဆီမှလွှဲ ပြောင်းယူလိုက်သောလက်ဆွဲအိတ်ကိုသာကိုင်ပြီးအပေါ်သို့တက်လာခဲ့သည်။ထိုအချိန်တံခါးဖွင့်လိုက်ချိန်......"အေးပါ သော်တာရာ သိပါတယ်"
"အင်းပါ နင်သာမြန်မြန်ပြန်လာခဲ့ ငါဒီမှာနင့်အယောင်ဆောင်ရတာလွယ်တာမဟုတ်ဘူး""အေးပါ နင်အဲ့မှာနေရင်းယောင်္ကျားရနေအုန်းမယ်"
"အာ့ဆိုဒါဘဲ"သွင်ခက်တစ်ယောက်သော်တာဆီကဖုန်းလာ၍ပြောနေပြီးဖုန်းချလိုက်ချိန်"ငါ့ကိုလိမ်ရဲတယ်ဆိုတော့သတ္တိတွေကောင်းနေတယ်ပေါ့ ဟုတ်လား"
"ဟင် လူကြီး"သွက်ခက်တစ်ယောက်ဖုန်းချလိုက်ချိန်အနောက်ကအသံကြောင့်တစ်ကိုယ်လုံးအေးစက်သွားရသည်။မျက်ထောင့်နီနဲ့ကြည့်နေကာ
တဖြည်းဖြည်းအထဲသို့ဝင်လာသောသူကြောင့်
သွင်ခက်တစ်ယောက် ပိုလို့ပင်တစ်ကိုယ်လုံး
တောင့်တင်းသွားရသည်။ ဒီတစ်ခါတော့သူအတွက် လွတ်လမ်းရှိဖို့မပြောနှင့် ဖြေရှင်းချက်တောင်ရပါ့မလားဟုတွေးလိုက်သည်။"ဟို အဲ့ဒါကလေ သော်တာရှင်းပြ"
"ဘာရှင်းပြမှာလဲ မင်းဘယ်သူလဲ""ဟိုအဲ့ဒါကလေ....."သွင်ခက်လည်းမျက်ရည်တွေဝဲကာအခြေအနေကိုသိနေသောကြောင့်ဆက်မလိမ်တော့ဘဲခေါင်းပေါ်ကဆံပင်အတုကိုချွတ်ချလိုက်သည်။
"အဟက် ယောကျာ်းတစ်ယောက်က"
"ဟို ကျွန်တော်တောင်းပန်ပါတယ် အကိုရယ်
ကျွန်တော်လည်းမသက်သာလို့ကူညီရတာပါ"သွင်ခက်စကားကြောင့် ခွန်းစစ်က ခေါင်းတစ်ချက်ညိတ်လိုက်ကာ
"အေးကောင်းပြီလေ အကြောင်းရင်းကိုသိချင်တယ် လုပ်စမ်းပါ ဖြေရှင်းချက်တွေနားထောင်ချင်လို့ မင်းရဲ့ပုံစံအမှန်နဲ့ထွက်လာခဲ့"ခွန်းစစ်လည်းပြောပြီးတာနဲ့အောက်ဆင်းသွားတော့သွင်ခက်တစ်ယောက်လည်းကုတင်ပေါ်တွင်ထိုင်ချမိသွားသည်။

ESTÁS LEYENDO
အချစ်စစ်၏စေညွှန်ရာ(Complete)
Romance❤ဆူးခင်းလမ်းတွေဖြစ်နေပါစေ အချစ်စစ်မှန်ရင်တည်မြဲပါတယ်❤