Ep 11

2.4K 104 0
                                    

Ep 11(Unicode)

ခွန်းစစ်တစ်ယောက်Companyတွင်ခဏနားနေချိန်အတွေးထဲတွင်ကော်ဖီဆိုင်ကကောင်လေးအားဝင်လာ၍

"အင်း သူကသော်တာနဲ့တူလိုက်တာ"
ဒေါက်ဒေါက်
"ဝင်ခဲ့"ခွန်းစစ်၏စကားဆုံးတာနဲ့ဖိုင်တွေကိုင်ကာဝင်လာသောရတု......

"Bossဒါက ဒီလအတွက်လက်မှတ်ထိုးဖို့ပါ"
"အေး ဒါနဲ့လေ ဟိုနေ့ကကောင်ဖီဆိုင်ကဆိုင်ရှင်လေးက သော်တာနဲ့တူသလိုဘဲနော်"ခွန်းစစ်အပြောကိုရတုစဥ်းစားကာ

"အင်း နဲနဲတော့တူတယ်Bossရဲ့ ဪပြီးတော့လေ အဲ့ကောင်လေးတွေက မမလေးရဲ့သူငယ်ချင်းနှစ်ယောက်ဆိုတာပါ"
"ဟင် ဟုတ်လား"

ခွန်းစစ်ကဘုန်းထက်အကြောင်းကိုသာစုံစမ်းခိုင်းတာလူကိုမမြင်ဖူးပေ။မကောင်းဘူးထင်ရင်ရှင်းခိုင်းမလို့စဥ်းစားကာအခုကမိကောင်းဖခင်သားသမီးလေးမို့ဒီတိုင်းထားထားတာပင်။

"ဟုတ်ပါတယ် ဆိုင်ရှင်လေးက လွှမ်းရိပ်သွင်ခက်ပါ သူ့ဘေးနားကတော့မမလေးနဲ့အပြင်သွားတဲ့ဘုန်းထက်ပိုင်ဆိုတာသူပါ"
"အင်း ထားလိုက်ပါတော့ နာမည်တူမရှားလူတူမရှားဘဲ သော်တာကမိန်းခလေးဟိုကယောင်္ကျားလေးတူလည်းမထူးဆန်းပါဘူး"
"ဟုတ်"

"ရပြီ မင်းသွားတော့ ဒါတွေမနက်ဖြန်မှယူတော့"
"ဟုတ်ကဲ့ Boss"ခွန်းစစ်လည်းသွင်ခက်အားခေါင်းထဲကထုတ်ကာအလုပ်သာလုပ်နေလိုက်သည်။
................................

သွင်ခက်တစ်ယောက်ဒီနေ့ဘုန်းထက်နှင့်အတူClubသွားဖို့ချိန်းထားသည်။ခွန်းစစ်ကိုတော့သူငယ်ချင်းအမေနေမကောင်းလို့ဟုပြောကာအပြန်နောက်ကျမယ်ဟုပြောထားသည်။
အချိန်က၆နာရီရှိနေပြီဖြစ်သည်။အိမ်ရှေ့က ကားသံကြားတာနဲ့အိမ်တော်ထိန်းအားသွားပြီဟုပြောခဲ့ကာဘုန်းထက်ကားပေါ်သို့တတ်လာခဲ့သည်။အဝတ်စားကတော့ထုံးစံအတိုင်းကားပေါ်တွင်ပေါ့။

သွင်ခက်တို့Clubသို့ရောက်ချိန်သွင်ခက်နှင့်ဘုန်းထက်တို့ဖုန်းတွေကိုကားထဲမှာဘဲထားခဲ့ကာပိုက်ဆံအိတ်ဘဲယူလာခဲ့သည်။

"ချီးယားစ်.....အား.....ခုမှဘဲသောက်ရတော့တယ်"
"ဟုတ်ပါ့ကွာ ဒီညတော့အပျက်ဆွဲပြီ"သွင်ခက်အပြောကိုဘုန်းထက်က အလန့်တကြားနှင့်လက်တားကာ

အချစ်စစ်၏စေညွှန်ရာ(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ