Ep 4(Unicode)
မနက်ခင်းနေရောင်ခြည်လေးနုနုလေးကကုတင်ပေါ်ကလူသားနှစ်ယောက်ပေါ်သို့ဖြာကျလာသည်။ခွန်းစစ်က Companyသွားရအုန်းမှာမို့အိပ်ယာထဖို့ပြင်လိုက်ချိန်ရင်ခွင်ထဲရောက်နေသောကိုယ်သေးသေးလေးကြောင့်ပြုံးမိသွားသည်။
'ချစ်စရာလေးကွာ ဘယ်လိုကောင်မလေးလဲ'
ခွန်းစစ်လည်း အတွေးတို့နဲ့အတူ ကုတင်ပေါ်တွင်အိပ်ပျော်နေသောသူလေးရဲ့နံဖူးလေးကိုနမ်းလိုက်ကာရေချိုးခန်းထဲသို့ဝင်သွားသည်။
သွင်ခက် အိပ်ယာကနိူးလာတော့ဘေးကိုကြည့်လိုက်ချိန်လူမရှိ၍
'အစောကြီးထသွားတာလား ကောင်းတာပေါ့
အဟား......လွတ်လပ်ပြီဟေ့....'သွင်ခက်တစ်ယောက် အတွေးနဲ့အတူပျော်လို့ပင်မဆုံးသေး......
"သော်တာ နိူးပြီလား"
"ဗျာ....အဲ ရှင် ဟုတ် နိူး နိူးပြီ"သွင်ခက်လည်းအရှေ့တွင် ခါးပေါ်မှာ တဘတ်တစ်ထည်သာပတ်ပြီးပြုံးပြကာလာမေးနေသောလူကြီးကြောင့်လန့်သွားမိသည်။'လူကြီးကချောလိုက်တာ
Bodyကလည်းအမိုက်စားဘဲ ရုပ်ကလည်းဖြောင့်လိုက်တယ် မျက်ခုံးကလည်းမဲနက်နေတာဘဲ နှာတံလေးကလည်းစင်း မျက်လုံးကလည်းဆွဲဆောင်မှုရှိတယ် ပြီးတော့ နှုတ်ခမ်း ဟင် ငါ့ကိုအဲ့နှုတ်ခမ်းနဲ့နမ်းသွားတာပေါ့'"ကြည့်လို့ဝပြီလား သော်တာ"
"ဟင် မ မကြည့်ပါဘူး ရေချိုးမလို့ကို"အရှေ့ကနေ လူကိုမျက်လုံးကျွတ်ကျမတတ် ကြည့်နေသော သူလေးအားစချင်လာတာကြောင့်ပြောလိုက်တော့မျက်နှာလေးရဲကာရှက်သွားလေသည်။'တကယ်ကိုချစ်စရာလေး.....'
"ရေချိုးတော့လေ ပြီးရင်ကိုယ်နဲ့ မနက်စာစားမယ်"
"ဟုတ် ဟုတ်"သွင်ခက်လည်း ခေါင်းညိတ်လိုက်ကာကုတင်ပေါ်မှဆင်းပြီးအဝတ်စားပါတစ်ခါထဲယူသွားသည်။အခန်းထဲမှာလဲရင်ဟိုလူကြီးတွေ့မှအလိမ်တွေပေါ်ကုန်မှဖြင့် ဟူး......
ခွန်းစစ်လည်းရေချိုးခန်းထဲပြေးဝင်သွားသောသူအားကြည့်ကာရယ်လိုက်ပြီးခေါင်းသာခါနေမိသည်။..............................
မနက်စာဝိုင်းတွင်........
သွင်ခက်အဖို့ကတော့အိမ်မှာဆိုရင်ကော်ဖီအလွယ်သာသောက်၍တစ်ခါတစ်လေမှအမေဖြစ်သူလုပ်ပေးတဲ့အစားအသောက်က စားတတ်သည်။
ဒီမှာကတော့နွားနို့တွေ မုန့်ဟင်းခါးတွေ ကော်ဖီတွေနှင့်တခြားအစားစာတွေရှိကာစုံလင်နေသည်။သွင်ခက်တစ်ယောက်အရှေ့ကအစားစာတွေကိုကြည့်ကာများလွန်းလို့နှာခေါင်းရှူံ့လိုက်မိသည်။

YOU ARE READING
အချစ်စစ်၏စေညွှန်ရာ(Complete)
Romance❤ဆူးခင်းလမ်းတွေဖြစ်နေပါစေ အချစ်စစ်မှန်ရင်တည်မြဲပါတယ်❤