Ep 36

1.7K 67 2
                                    

Ep 36(Unicode)

ခွန်းစစ်နှင့်သွင်ခက်တို့မနက်စာစားနေချိန်ခွန်းစစ်ကသွင်ခက်အားကြည့်ကာ

"ခလေး မနေ့က ကုန်တိုက်မှာခလေးနဲ့အတူလာတဲ့တစ်ယောက်ကဘယ်သူလဲ"သွင်ခက်ကခွန်းစစ်၏အမေးကြောင့်ကော်ဖီခွက်ကိုချလိုက်ကာ

"သူငယ်ချင်းပါ"

မနေ့က Roaeက အင်္ကျီဝယ်ချင်ပေမယ့်သော်တာကမအားဘူးဆိုကာသွင်ခက်အားအကူညီတောင်း​၍သွင်ခက်ကအဖော်လိုက်ပေးရသည်။အဲ့အချိန်ကုန်တိုက်မှာခွန်းစစ်နှင့်တွေ့တာဖြစ်ပေမယ့်ခွန်းစစ်ကဧည့်သည်တွေနှင့်ဖြစ်နေ၍သွင်ခက်ကကြည့်ရုံဘဲကြည့်ကာထွက်လာခဲ့တာကြောင့်အခုမေးနေခြင်းပင်။

"အရင်ကမတွေ့ဖူးဘူးနော်"
"အင်း အခုမှခင်ကြတာ မကြာသေးဘူး"သွင်ခက်က အေးဆေးသာဖြေနေကာခွန်းစစ်မှာတော့ တစ်ခုခုကိုအလိုမကျသလိုဖြစ်နေသည်။

"ခင်တာမကြာသေးတာကိုနှစ်ယောက်ထဲအတူသွားနေတာလား ခလေးကအိမ်ထောင်သည်နော်"

ခွန်းစစ်ရဲ့သတိပေးစကားကြောင့်

"ကျွန်တော်အခုဘာလုပ်နေလို့လဲ လူကြီး"သွင်ခက်ကစိတ်ပျက်သလိုပြန်မေးတော့

"သူနဲ့ရှိနေတဲ့အချိန် အိမ်ထောင်သည်ဆိုတာမေ့သွားမှာစိုးလို့သတိပေးနေတာ"
"လူကြီးစကားကလွန်လာပြီနော် လူကြီးပြောသလိုဆို ကျွန်တော်ကသူနဲ့ရှိတဲ့အချိန်ကို လူပျိုလုပ်ပြီးဖောက်ပြန်နေတာမို့လို့လား"သွင်ခက်ကမျက်မှောင်ကြုတ်ကာပြောတော့ခွန်းစစ်ကသောက်နေသောကော်ဖီခွက်ကိုချလိုက်ကာ

"အဲ့ဒါတော့ခလေးကိုယ်တိုင်ဘဲသိလိမ့်မယ်"
"လူကြီးကစွတ်စွဲနေတာဘဲ"ပြောရင်းနဲ့သွင်ခက်ကမနက်စာဝိုင်းမှထသွားကာအပေါ်သို့တက်လာခဲ့သည်။ခွန်းစစ်ကတော့တစ်ယောက်တည်းသာကျန်နေခဲ့သည်။Roseကနိူင်ငံခြားမှာနေလာခဲ့၍ဝတ်စားပုံကအစပေါ်ပေါ်ထင်ထင်ဖြစ်နေတာကိုခွန်းစစ်တစ်ယောက်သဘောမကျဖြစ်နေခြင်းပင်။

'မချစ်ဘဲယူခဲ့ကြလို့ခလေးကိုယ့်ကိုစိတ်ကုန်သွားမှာစိုးတယ်'
ခွန်းစစ်လည်းပြီးတာနဲ့လက်ဆွဲအိတ်ယူကာCompanyကိုသာထွက်လာခဲ့သည်။
............................

အချစ်စစ်၏စေညွှန်ရာ(Complete)Donde viven las historias. Descúbrelo ahora