September 2017
ပင်ပျိုချောသည် ပန်းရောင်အသုံးများ၏။
ပင်ပျိုချောရဲ့အကြိုက်ဆုံးအရောင်သည် ပန်းရောင်ဖြစ်လိမ့်မည်။ နိုင်မဝအားလပ်ရက်ရတဲ့အခါ ပင်ပျိုချောရဲ့ကွန်ဒိုတွင် အနေများသည် ။ စားလိုက်သောက်လိုက်၊
ရယ်မောလိုက်နှင့် တစ်နေကုန်ကြသည်။
ပင်ပျိုချောစိတ်ဝင်စားတဲ့ဖက်ရှင်အကြောင်းတွေ ရုပ်ရှင်အကြောင်းတွေသည် နိုင်မဝနှင့်အလှမ်းဝေးသည်။ သို့သော်ငြား.. နိုင်မဝက သေချာနားထောင်ပေးသည်။ ပင်ပျိုချောက ကော်ဖီမှုန့်နဲ့နို့စိမ်းကို အရသာရှိအောင်ဖျော်စပ်တတ်ပေမယ့် အချက်အပြုတ်ဆိုလျှင် နိုင်မဝလုပ်ရသည်။ နိုင်မဝစာကျက်နေလျှင် ပင်ပျိုချောက ဘေးမှာငြိမ်ငြိမ်ထိုင်ငေးလေသည်။ပင်ပျိုချောဆီမှာ သူငယ်ချင်းမရှိ ။ ခင်ရာမင်ရာ
ဆွေမျိုးမိတ်ဆွေအကြောင်းလည်းပြောလာတာမရှိ။
နိုင်မဝ သတိထားမိတာရှိပေမဲ့ မမေးဖြစ်တဲ့စကားကတော့...သူ(မ)ဆီဖုန်းလာတဲ့အခါ ခပ်ဝေးဝေးအထိသွား၍စကားပြောခြင်းဖြစ်သည်။ ပင်ပျိုချောက နားလည်ရခက်သည်။ အကြောင်းအရင်းမဲ့ငိုလေ့ရှိပြီး
ငေးငေးငိုင်ငိုင်နဲ့မှိုင်နေတာမျိုးလည်းရှိလေသည်။
သူမလို မင်းသမီးလေးကငိုစရာဘာများရှိမည်နည်း။
နိုင်မဝမမေးလျှင် အဖြေမရ ။ တွက်ရခက်တဲ့ပုစ္ဆာတစ်ပုဒ်လို အဖြေမထွက်သော ပင်ပျိုချောဖြစ်သည်။"ဘာတွေဒီလောက်တောင်ကြည့်နေတာလဲ မောင်ရဲ့..။''
"ပျိုကလှလို့ကြည့်တာပေါ့ဗျ ...''
"ပျိုလှတာ မောင်ကအခုမှသိရလား...''
"မဟုတ်ပါဘူး ၊ ကျောင်းရှေ့မှာဝင်တိုက်ကတည်းက
သိတာ... မောင့်ရင်ခွင်ထဲကို တည့်တည့်ဝင်လာတဲ့
မြှားလေးလေ ။...''ကော်ဖီခွက်ကိုချကာ ပင်ပျိုချောကရယ်သည်။
နိုင်မဝက ကုတင်ပေါ်မှထကာ ပင်ပျိုချောရှိရာသို့လျှောက်သွားပြီး ပင်ပျိုချောဘေးတွင်ဝင်ထိုင်သည်။
နိုင်မဝရဲ့ရင်ခွင်ထဲသို့..ပင်ပျိုချောရဲ့ကိုယ်လုံးလေး ယိမ်းကျလာသည်။ လက်တစ်လုံးအင်္ကျီအနက်ရောင်လေးကြောင့် မြင်သာနေတဲ့ ပင်ပျိုချောပုခုံးသားကို
နိုင်မဝကဖိရှိုက်နမ်းသည်။ ခပ်သင်းသင်းမွှေးနေတဲ့ အသားအရည်လေးတွေက နမ်းမဝနိုင်ပေ ။
ESTÁS LEYENDO
အနက်ရှိုင်းဆုံး နဒီ
Historia Corta"မိန်းမတွေက နဒီနဲ့တူတယ်... ဒါပေမဲ့ တချို့မိန်းမများကျတော့ နဒီကိုသာပြီး သမုဒ္ဒရာဖြစ်တယ် ။... အင်း... အနက်ရှိုင်းဆုံး နဒီပေါ့ကွာ...'' ▪▪▪▪▪▪▪▪▪ "မိန်းမတွေက နဒီနဲ့တူတယ်... ဒါပေမဲ့ တချို့မိန်းမများကျတော့ နဒီကိုသာပြီး သမုဒ္ဒရာဖြစ်တယ် ။... အင်း... အနက်ရှ...