တံခါးချပ်ကိုငေးစိုက်ကြည့်ပြီး ရင်တထိတ်ထိတ်နှင့် နမ်းမဝစောင့်ရလေသည်။နိုင်မဝကိုတန်းတွေ့ရမလား..။ ဒါမှမဟုတ် ပင်ပျိုချောလား..။ တံခါးအပွင့်ကိုစောင့်ရင်းဖြင့် နိုင်မဝကိုရိုက်ချင်လာသည်။ နမ်းမဝမှာ ကိုယ့်စိတ်ကိုယ်ဆုံးမရလေသည်။
"ဂျောက်...''
တံခါးကိုဖွင့်လာသူမှာ နိုင်မဝဖြစ်နေသည်။ နမ်းမဝကိုမြင်ရတဲ့အခိုက်အတန့်မှာ သက်မဲ့စက်ရုပ်တစ်ရုပ်လို ရပ်တန့်သွားသည်။
"နေကောင်းလား နိုင်နိုင်...ဖယ်ဦးလေ ငါဝင်မလို့ ''
"ဟင်..အေး..''
ပင်ပျိုချောကိုတွေ့လျှင် ပွဲကြီးပွဲကောင်းနွှဲရတော့မည်။ နမ်းမဝသည် အခန်းထဲသို့သွက်သွက်ဝင်ပြီး အခန်းကိုအကဲခတ်ကြည့်သည်။ ဘီယာဘူးအခွံနှင့် ဝီစကီပုလင်းတွေကို ရှုပ်ရှုပ်ပွပွတွေ့ရပြီး အခန်းရဲ့အနံ့အသက်က ချဉ်စော်နံနေ၏။ နိုင်မဝလို အသန့်ကြိုက်တဲ့သူက
ဘယ်လိုနေထိုင်နေတာလဲ ။ အရက်ကိုမုန်းတဲ့နိုင်မဝနေတဲ့အခန်းမှာ...ဘာလို့ အရက်မျိုးနွယ်ဝင်တွေက တစ်ပုံတစ်ပင်ပြန့်ကျဲနေတာလဲ ။
နိုင်မဝကတော့ ဗွေဖောက်နေပြီ ။"ညကြီးမိုးချုပ် အငယ်...''
"ညဈေးဆိုပြီးထွက်လာတာ...နောက်တော့ နင့်ကိုသတိရတာနဲ့...''
"လိပ်စာဘယ်ကရလဲ...''
တစ်ခန်းလုံး ခြေချစရာနေရာမရှိအောင်ညစ်ပတ်နေ၍ နမ်းမဝထိုင်ဖို့နေရာရရန် နိုင်မဝ အသည်းအသန်ရှင်းလင်းလေသည်။ နိုင်မဝကိုကြည့်ပြီး နမ်းမဝစိတ်ဆိုးပေမဲ့ စိတ်မကောင်းလည်းဖြစ်ခဲ့ရသည်။နမ်းမဝတို့ရဲ့အိမ်စုတ်လေးပင် သူ့နေရာနှင့်သူ
သေသေသပ်သပ်ရှိသည်။ နိုင်မဝနေတဲ့တိုက်ခန်းကတော့ စိတ်ပျက်စရာပင် ။"ဘာလို့အိမ်ပြန်မလာတာလဲ နိုင်နိုင်..''
"အိမ်ပြန်လာဖို့မဖြစ်နိုင်လို့ပါ အငယ်..''
နမ်းမဝနှင့်ရှေ့တည့်တည့်ရှိ ဆိုဖာပေါ်တွင်ဖြစ်သလိုထိုင်ချကာ နိုင်မဝက မျက်နှာကျက်ကိုငေးမော၍ပြန်ဖြေသည်။

YOU ARE READING
အနက်ရှိုင်းဆုံး နဒီ
Short Story"မိန်းမတွေက နဒီနဲ့တူတယ်... ဒါပေမဲ့ တချို့မိန်းမများကျတော့ နဒီကိုသာပြီး သမုဒ္ဒရာဖြစ်တယ် ။... အင်း... အနက်ရှိုင်းဆုံး နဒီပေါ့ကွာ...'' ▪▪▪▪▪▪▪▪▪ "မိန်းမတွေက နဒီနဲ့တူတယ်... ဒါပေမဲ့ တချို့မိန်းမများကျတော့ နဒီကိုသာပြီး သမုဒ္ဒရာဖြစ်တယ် ။... အင်း... အနက်ရှ...