အခန်း ၁၀

99 18 1
                                    


October 2017

ဈေးသိမ်းခါနီးဖြစ်၍ ဈေးရောင်းတစ်ဖက် ဈေးသိမ်းတစ်ဖက်နှင့် ဗျာများရတော့သည်။ ခရမ်းချဉ်သီးနီနီများကိုခြင်းထဲပြန်ထည့်ပြီး အခြားသောဟင်းသီးဟင်းရွက်ခြင်းများနှင့် ရော၍ထပ်ထားလိုက်သည်။ စွန့်ပစ်အရွက်အသီးများကို အမှိုက်ခြင်းထဲထည့်ကာ ရှင်းပစ်ရသည်။
ဈေးသိမ်းပြီး မှောင်ရီပျိုးမှ အိမ်ပြန်လမ်းကိုလှမ်းရ၏။

"မမ.. မမ... ''

ကျောင်းစိမ်းဘောင်းဘီတိုနဲ့ ချိုင်းပြတ်အင်္ကျီအပြာရောင်လေးဝတ်ထားသော မိုးဝတိံက တင်ပါးနဲ့ခြေဖနောင့် တစ်သားတည်းဖြစ်အောင် ပါးစပ်ကအော်ရွတ်ရင်းပြေးချလာသည်။

"မမရေ... မမ ''

နမ်းမဝနာမည်ကိုတ၍ နမ်းမဝကိုဖြတ်ကျော်ကာ ကမူးရှူးထိုးပြေးနေသော မိုးဝတိံ။ နမ်းမဝအကြောင်သားရပ်ကြည့်နေမိပြီးမှ လှမ်းအော်ခေါ်ရသည်။

"ဟဲ့..မမကဒီမှာလေ မောင်လေးရဲ့ ။ဟေ့.. ဝတိံ ရပ်ဦး...ရပ်။ ''

နမ်းမဝ အသံစူးစူးနှင့်အော်တော့မှ မိုးဝတိံကကြားသည်။ ပြေးနေတာကိုရပ်ပြီး နောက်လှည့်ကြည့်၏။ နမ်းမဝကိုမြင်၍ စိတ်သက်သာရာရသွားသလို ခါးလေးထောက်ကာအမောဖြေသည်။ ချွေးတွေကနဖူးစပ်မှစီးကျနေပြီး နမ်းမဝကို စကားမပြောသည်အထိ မိုးဝတိံမောဟိုက်နေသည်။ ဖိနပ်မပါဘဲ ဒူးခေါင်းမှာလည်းပွန်းပဲ့နေတာကြောင့် နမ်းမဝမှာ မျက်စိရှေ့က မိုးဝတိံကို ပိုပြီးစိတ်ပူရသည်။

"ဘယ်လိုကြောင့် အသည်းအသန်ပြေးရတာလဲ ဝတိံရယ်... ဒူးမှာလည်း သွေးတွေနဲ့ ။ ''

"အ...ဟူး... အဖေ... ဗိုက်...ဟူး...အောင့်...အဲ့ဒါ။''

စကားတစ်လုံးချင်းပြောနေရသော မိုးဝတိံကိုကြည့်ပြီး ဆိုလိုရင်းအား နမ်းမဝရိပ်မိသည်။ အဖေဗိုက်အောင့်တာ ရောဂါပြင်းလာလို့ဖြစ်မည်။

"ဒီမှာထိုင်ပြီး နား...အမောပြေမှ အိမ်ကိုဖြည်းဖြည်းပြန်လာ ..ကြားလား ၊ ပြေးမလာနဲ့နော် ။ ''

နမ်းမဝရဲ့အမှာစကားကို မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ခေါင်းညိတ်ကာနာခံရင်း မိုးဝတိံလေးကျန်နေခဲ့သည်။နမ်းမဝသည် အိမ်ကိုရောက်ဖို့ သွက်သွက်ကလေးပြေးရသည်။

အနက်ရှိုင်းဆုံး နဒီOù les histoires vivent. Découvrez maintenant