အခန်း ၁၁

92 19 2
                                    

October 2017

မှန်ချပ်ရဲ့တစ်ဖက်မှာ နမ်းမဝထိုင်နေ၏။

ဧချင်းမေနှင့်အသည်းအသန်တွေ့ချင်နေသော နမ်းမဝကို ဧချင်းမေကရှောင်ချင်သည်။ ကြားသုံးကြားထဲက မောင်နှမကြားထဲ ဝင်ရပ်နေမိမှာကြောက်သည်။

မိုးတွေအုံ့ကာ ရာသီဥတုကမှိုင်း၏။ စိတ်အစဉ်ကလည်း ထုံထိုင်းနေတော့လေသည်။
ဧချင်းမေသည် ခြေလှမ်းနှေးနှေးနှင့် ကော်ဖီဆိုင်တံခါးကိုတွန်းဖွင့်ပြီး..နမ်းမဝရှိရာဆီခြေလှမ်းတည့်ရသည်။

"ဧချင်း ရောက်လာပြီပဲ ၊ ထိုင်ပါဦးရှင်...''

နမ်းမဝကသွက်လက်စွာ ခုံပါဆွဲထုတ်ပေးသည်။ ဧချင်းမေကို ပြုံးပြပေမဲ့ မျက်ဝန်းတွေကနွမ်းလျော့နေ၏။
ဧချင်းမေကလည်း အပြုံးလေးဖြင့် ထိုင်ခုံတွင် ဖြည်းလေးစွာထိုင်ချလိုက်သည်။

"ဘာကိစ္စရှိလို့လဲ အနမ်း ၊ ''

နိုင်မဝကိုအစပြု၍ ဧချင်းမေဆီဦးတည်လာမှန်းသိပေမဲ့ စကားအသွားအလာကိုထောက်ရှု့ကြည့်ချင်သည်။

"နိုင်နိုင်ကြောင့်ပါ ဧချင်းရယ်...''

မဝံ့မရဲမျက်နှာထားနှင့် အသနားခံမျက်ဝန်းများကြောင့် ဧချင်းမေရင်ထဲသို့ သနားစိတ်ကစီးကျလာသည်။ သံသရာတစ်ကွေ့မှာ ကြုံလည်းကြုံတတ်ပါပေ့ နိုင်မဝရယ်။
ပင်ပျိုချောနှင့် ကြုံဆုံရတယ်လို့ကွယ်။

"ဧချင်း...နိုင်နိုင့်ချစ်သူဆိုတဲ့မိန်းမအိမ်ကိုသိလား..''

"အို... ဘယ်လိုသိရမလဲ အနမ်းရဲ့ ..''

ဧချင်းမေအနေဖြင့် မစားရတဲ့အမဲ သဲနှင့်ပက်တယ်လို့တော့ အဆိုမခံနိုင်ဘူးကွယ် ။ ကိုယ့်ကိုယ်ကိုယ်ဖြောင့်အောင်နေမယ် ။

"ဧချင်းသိနေတယ်ဆိုတာ ဧချင်းမျက်လုံးတွေကပြောနေတယ် ။ကျွန်မတို့လို ဆွေမျိုးရင်းချာနည်းရှာတဲ့မောင်နှမကို မောင်နှမအရင်းတွေလိုသဘောထားပေးပါ ဧချင်းမေရယ်... ဒီတစ်ခုတော့ ကူညီပါနော် ။''

ဧချင်းမေက သက်ပြင်းချကာ စဉ်းစားချင့်ချိန်ပြန်သည်။ နမ်းမဝမှာတော့ မျှော်လင့်တကြီး ကြည့်နေမိ၏..။

အနက်ရှိုင်းဆုံး နဒီWhere stories live. Discover now