အခန်း ၁၃

108 18 3
                                    

June 2018

နမ်းမဝသည် လူများစွာကြားမှ တိုးဝင်လာခဲ့သည်။ လူတွေက နမ်းမဝကိုမြင်သောအခါ ဘေးသို့ရှောင်ဖယ်သွားကြလေသည်။ နမ်းမဝကလူတွေတစ်ယောက်ချင်းစီရဲ့မျက်နှာကို အသေအချာလိုက်ကြည့်နေမိသည်။

ရပ်ကွက်အတွင်းမှလူများ..ဆွေမျိုးသာချင်းများနှင့်ရုပ်ရည်သန့်သောမျက်နှာစိမ်းများကိုတွေ့ရလေသည်။ လူတွေများလွန်းသည်။ သို့ပေမဲ့ နမ်းမဝတွေ့ရမည့်သူကတော့ တစ်ယောက်တည်း ။ အဲ့ဒီတစ်ယောက်ကပဲ လောကကြီးမှာ နမ်းမဝမတွေ့ချင်တဲ့သူဖြစ်နေပြန်၏။

"အမလေး...ငါ့သားလေး အနိုင်ရယ်..''

အမေ့ငိုသံကျယ်ကျယ်က နားထဲစူးဝင်လာသည်။ ငိုပွဲတွေဟာ ဆက်တိုက်ဝင်လာတတ်တယ်တဲ့ ။ မကြာတော့ပါဘူး အမေရယ် ...နောက်တစ်ပွဲငိုဖို့ ပြင်ထား ။

"သားကြီး...''

အဖေကထငိုပြန်သည်။ အခုတော့ အဖေနှင့်အမေတို့အလှည့်ပေါ့ ။ ကျွန်မတို့ တသောသောငိုခဲ့ရတဲ့အလှည့်တွေကို ကျော်လွန်ခဲ့ပြီလေ ။
ငိုထား...ရင်ဘတ်တွေကျိုးကြေသလိုခံစားပြီး ငိုကြ။

အသံတွေတိတ်၍ လှုပ်ရှားလာသောလူအုပ်ကြီးကြောင့် ဒေါ်ခိုင်မာ လှည့်ကြည့်မိသည်။ ဆံပင်ကိုဖြစ်သလိုစုချည်ထားပြီး ထမိန်တိုတိုနှင့် ဖိနပ်မပါသောနမ်းမဝပုံစံက စိတ်မနှံ့သူတစ်ယောက်လို မျက်လုံးအကြည့်တွေသည် ခြောက်ခြားဖွယ်တင်းမာနေ၏ ။ လက်ရှည်ရှပ်အင်္ကျီကို့ရိုးကားယားနှင့် လူတွေကိုစူးစိုက်ကြည့်ပြီးလမ်းလျှောက်လာသော နမ်းမဝကြောင့် ဒေါ်ခိုင်မာစိတ်ထဲမှာ ထိတ်လန့်မှုများဖြစ်ပေါ်လာသည်။

နမ်းမဝက နိုင်မဝကို ဘယ်လောက်ချစ်သလဲ..ဒေါ်ခိုင်မာအသိဆုံးဖြစ်သည်။ နိုင်မဝနှင့်ပတ်သတ်လာလျှင် အမေကိုပင် ရန်စောင်မျက်လုံးများနှင့်ကြည့်ရဲသော ငရဲမကြောက်သည့်မိန်းကလေးပင်ဖြစ်၏။

"ငိုလေ...ငို ''

လူတွေကိုလိုက်ကြည့်နေရင်းမှ ရုတ်တရက် ဒေါ်ခိုင်မာ့ဘက်ကိုလှည့်လာပြီး နမ်းမဝက ဆက်ငိုဖို့တိုက်တွန်းလေသည်။ ပြီးတော့ သရော်ပြုံး ပြုံးသည်။ နမ်းမဝရဲ့မျက်နှာလေးက ပြုံးရွှင်နေလေသည်။

အနက်ရှိုင်းဆုံး နဒီWhere stories live. Discover now