ဇာတ်သိမ်းပိုင်း

580 20 17
                                    

June 2018

ဧချင်းမေသည် လက်ထဲတွင်ရောက်နေသော စာအိတ်လေးကိုငေးကြည့်ပြီး ငြိမ်နေမိသည်။ ထိုစာအိတ်လေးကို ဧချင်းမေထံသို့ နိုင်မဝကပို့ထားသော စာအိတ်ဖြစ်သည်။ နိုင်မဝကိုရက်လည်တဲ့နေ့မှ စာအိတ်က
ဧချင်းမေတို့အိမ်သို့လိပ်မူပြီးရောက်လာ၏။

"ဘယ်သူ့ဆီကစာလဲ သမီး...''

အနားမှာလာထိုင်ရင်း မေမေကခပ်တိုးတိုးမေးသည်။

"ဆုံးသွားတဲ့သူငယ်ချင်းဆီကပါ...''

"နိုင်မဝလား...''

နောက်ကျောဘက်မှအသံကြောင့် လှည့်ကြည့်လိုက်သည်။ မနက်စောစော လမ်းလျှောက်ထွက်ပြီးပြန်လာသော ဖေဖေ့ကိုတွေ့ရလေသည်။ ကိုနိုင် အိမ်လာလည်တဲ့အခါ ဖေဖေနှင့်စကားဝိုင်းဖွဲ့လေ့ရှိသည်။
ဖေဖေက ဧချင်းမေရဲ့သူငယ်ချင်းများတွင် အနေအေးသော နိုင်မဝကို ပိုပြီးမှတ်မိသည်။

"ဟုတ်တယ် ဖေဖေ...''

"သူတို့မောင်နှမသတင်းကြားရတာ စိတ်မကောင်းလိုက်တာကွာ ။ အငယ်မလေးက စိတ်ဖောက်ပြန်တာလား''

ဖေဖေ့စကားကြောင့်...နမ်းမဝကိုအားနာမိသည်။
နမ်းမဝ စိတ်ဖောက်ပြန်တာမဟုတ်ဘဲ...လေးလေးနက်နက်စဉ်းစားလိုက်လို့ အစွန်ဆုံးရောက်သွားတာပါ ဖေဖေရယ်။

"ဘာတွေရေးထားလဲ သမီး''

"ဖတ်ကြည့်ရဦးမယ် ဖေဖေ''

"ပြန်လာမှဖတ်ပါလား...ရက်လည်ကိုသွားကူလေ။''

စာအိတ်ကိုဖွင့်မည့်လက်ချောင်းတွေကို ရပ်တန့်လိုက်သည်။ မေမေပြောသလို ရက်လည်ကပြန်လာမှဖတ်လည်းရတာပဲလေ ။ စာရေးပေးတဲ့သူပဲ လောကကြီးမှာမရှိတော့...စာကိုအေးအေးဆေးဆေးမှဖတ်လည်းရသည်။

ဧချင်းမေက စာအိတ်ကို စားပွဲအောက်ရှိအံဆွဲထဲထည့်သိမ်းဖို့ဟန်ပြင်သည်။

"စာကိုအရင်ဖတ်ကြည့်လိုက်ပါ ။ အရေးကြီးတာများပါမလားမှမသိတာ..သမီး အေးအေးဆေးဆေးဖတ်ကြည့်။ ဖေဖေနဲ့မေမေက ကိုယ့်အလုပ်ရှိတာလုပ်ဦးမယ်... ကဲ... ဖတ်ဖြစ်အောင်ဖတ် ။''

ဖေဖေကစာဖတ်ကြည့်ဖို့တိုက်တွန်းသဖြင့် စာအိတ်ကိုပြန်ယူ၍ ဖွင့်ဖောက်လိုက်သည်။ ဖေဖေမေမေက အနားမှထွက်သွားကြသည်။ ဧချင်းမေက ပွင့်သွားသောစာအိတ်ထဲမှ စာရွက်ကလေးကိုဆွဲထုတ်သည်။

အနက်ရှိုင်းဆုံး နဒီWhere stories live. Discover now