အခန်း ၈

288 33 7
                                    


"ဟော... တွေ့ပြန်ပြီ ။ ''

နိုင်မဝသည် ကော်ဖီဆိုင်တွင်ကော်ဖီတစ်ခွက်သောက်ရင်း စာလုပ်နေတုန်း အသံကြား၍ မော့ကြည့်လိုက်သည်။

အရုပ်မလေးဖြစ်နေသည်။
အချိန်တွေကြာပါစေ..မမေ့နိုင်ပေ။ ဒုတိယအကြိမ်ဆုံမိပြန်သည်။ချစ်မြတ်နိုးမိလိမ့်မည်ဟု နိုင်မဝဆိုဖူးသည်။
နှလုံးသားကမ်းနားသို့ ရင်ခုန်ခြင်းလှိုင်းလုံးလေးများ ဝင်ကပ်ခိုလာတော့သည်။

"အယ်... စာအုပ်တွေနဲ့အလုပ်များနေတာလား ။''

နိုင်မဝထိုင်နေသောစားပွဲတွင် အရုပ်မလေးက
ခုံကိုဆွဲကာ သွက်သွက်လက်လက်ဝင်ထိုင်သည်။
နိုင်မဝရဲ့စာအုပ်များကိုလည်း ငုံ့ကြည့်နေသည်။

"စာလုပ်နေတာလို့ခေါ်တယ် ။''

"အဟိ... စကားပြောသားပဲ ..''

"ဒါပေမဲ့ မပြောချင်ဘူး။ ကျွန်တော်စာကျက်နေချိန်
ဘယ်သူနဲ့မှစကားမပြောချင်ဘူး ။ ''

နိုင်မဝ စာကျက်နေလျှင် ၊ ဆူဆူညံညံအသံတွေကို
မခံနိုင်ပေ ။ အသံတွေဆူနေလျှင် စာမှတ်ရတာစိတ်မပါပေ။ စာမေးပွဲကအနားကပ်မှ အာရုံလည်းမလွင့်ချင်။
အထူးသဖြင့် စာမေးပွဲကြီးနီးနေပြီကို...
ဘယ်ဌာနေကမှန်းမသိသော အရုပ်မလေးကို
မတမ်းတမိမှဖြစ်မည်။

"စာကျက်တာပဲ ကိုယ့်အိမ်မှာကိုယ်ကျက်ပါလား..
ရှင်ကလည်း ။ ''

"လောလောဆယ်အဆောင်မှာ ကျွန်တော်နေတယ်။
အဆောင်မှာလူသံတွေဆူညံနေတာ စာဘယ်လိုကျက်မလဲ ။ ''

နိုင်မဝသည် စာကျက်မည်ဟုသာ ဟစ်နေသော်လည်း
စာအုပ်တွေအကုန်ပိတ်ကာ အရုပ်မလေးနှင့်
အနှစ်နှစ်အလလကအသိအကျွမ်းများလို...
စကားပြန်ပြောနေမိသည်။

"အဲ့ဒီလူတွေကိုအသံမထွက်ဖို့
ပျိုပြောပေးရမလား နိုင်မဝ .. ''

"ဗျာ...''

"ဆေး(၁)မှာ နိုင်မဝကိုရှာရတာမခက်ပါဘူးကွယ်။''

အပြုံးတစ်ခုနှင့်အကြည့်တစ်ခုက အစပြုပါသည်။
ချစ်ခြင်းအစသည် တစ်ယောက်နှင့်တစ်ယောက်
အကြည့်ချင်းဆုံရင်း ရယ်မောလိုက်သည့်
အခိုက်အတန့်သာဖြစ်၏ ။...
ပင်ကိုချောတဲ့ ပင်ပျိုချောကို နိုင်မဝ မြတ်နိုးလွန်းစွာ ငေးမောနေရတဲ့အချိန်ဟာ တမေ့တမောပါပဲ။

အနက်ရှိုင်းဆုံး နဒီOnde histórias criam vida. Descubra agora