January 1995
"အူဝဲ... ငဲ... အူဝဲ ..အဲ ''
"မွေးပြီ... မင်းနိုင်ရေ ၊ မွေးပြီ၊ အမြွှာလေးတော့ အမြွှာလေး ...''
သစ်ပင်ရိပ်အောက်မှလူထံသို့အပြေးကလေးဖြင့် ဒေါ်မြကြည် မင်္ဂလာသတင်းကိုအော်ပြောလေသည်။ မင်းနိုင်တစ်ယောက် ဝီစကီပုလင်းထဲမှလက်ကျန်ကို
မော့ချလိုက်ပြီး လက်သီးကိုလေထဲဝှေ့ထိုးပစ်လိုက်သည်။ ဒါပေမဲ့ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ့်ဘာသာမထိန်းနိုင်ဘဲ ဘုန်းခနဲလဲကျလေသည်။"သြော်... ဘယ်နှယ့်ဖြစ်ရတာလဲ မင်းနိုင်။ ဇနီးသည်မီးဖွားနေချိန်မှာတောင် သောက်နေရလား။''
ဒေါ်မြကြည်သည် ယစ်ထုပ်မင်းနိုင်ကို အမြင်ကတ်၍ ပြောမိတော့သည်။ ဇနီးသည်ရဲ့ဗိုက်က အမြွှာဗိုက်မှန်းသိသာအောင် ပူထွက်နေတာကိုပင်..ရပ်ကွက်ထဲကသားဖွားဆရာမလည်းမပြ ၊ဆေးရုံမှာလည်းမအပ်ဘဲ အရပ်လက်သည်နဲ့မွေးမည်ဆိုကတည်းက ဒေါ်မြကြည်စိတ်ထဲဘဝင်မကျပေ ။ကိုယ့်တူမ သူရဲကောင်းမကြီးကလည်း ၊ တစ်နေ့ကို သင်္ချိုင်းမျက်စောင်းသုံးခါးထိုးရုံတင်မက ဖဲဝိုင်းခြောက်ဝိုင်းလောက်လည်းရောက်သည်။
ညီမဖြစ်သူဆုံးပြီးနောက်ပိုင်း အပျိုလေးတစ်ယောက်တည်းနေထိုင်ဖို့မသင့်တော်၍ ကျန်ရစ်ခဲ့သည့်တူမကို အိမ်ခေါ်ထားလိုက်သည်။ သိပ်မကြာခင်မှာ အရက်ကလေးတမြမြ အလုပ်ရယ်လို့တိတိကျကျလက်ညိုးထိုးမပြနိုင်တဲ့ကောင်ရဲ့အနောက်ကို ဘယ်လိုယုံကြည်ချက်နှင့် ကောက်ကောက်ပါအောင်လိုက်သလဲ ဘယ်လိုနည်းနဲ့မျှတွေးမရပေ။ဒီကောင်က မယားရပြီးလည်း အချိုးမပြောင်း ၊ တူမဖြစ်သူခိုင်မာကလည်း ဒီကောင်နဲ့လက်တွဲမပျက်ဘဲ ခိုင်ခိုင်မာမာကိုပေါင်းသင်းသည် ။ အခုလည်း ပြောရင်းဆိုရင်းကြားမှ ၊ နောက်တစ်ပုလင်း ထပ်ဖောက်လိုက်လေပြီ ။ဒေါ်မြကြည် ကိုယ့်စိတ်ကိုဆုံးမပြီး ၊ သစ်ပင်အရိပ်အောက်မှထကာ အခန်းထဲဝင်လိုက်သည်။ အနှီးဖြူဖြူထဲတွင် ...
နီတာရဲလေးနှစ်ယောက်က ဝဝတုတ်တုတ်လေးတွေ။"ဟယ်... ကျုပ်ထင်တော့ထင်သား
ကလေးထွားမယ်လို့ ''ဒေါ်မြကြည်စကားကိုကြားတဲ့အခါ အိပ်ပျော်ရာမှနိုးလာသောခိုင်မာသည် ဝမ်းဗိုက်မှနာကျင်မှုကိုပင်ဂရုမထားနိုင် ၊ ဒေါ်မြကြည်ကို အပြစ်တင်စကားဆိုလေသည်။

YOU ARE READING
အနက်ရှိုင်းဆုံး နဒီ
Short Story"မိန်းမတွေက နဒီနဲ့တူတယ်... ဒါပေမဲ့ တချို့မိန်းမများကျတော့ နဒီကိုသာပြီး သမုဒ္ဒရာဖြစ်တယ် ။... အင်း... အနက်ရှိုင်းဆုံး နဒီပေါ့ကွာ...'' ▪▪▪▪▪▪▪▪▪ "မိန်းမတွေက နဒီနဲ့တူတယ်... ဒါပေမဲ့ တချို့မိန်းမများကျတော့ နဒီကိုသာပြီး သမုဒ္ဒရာဖြစ်တယ် ။... အင်း... အနက်ရှ...