အခန်း ၁၂

104 16 5
                                    

2018 June

တိမ်တောင်တွေညိုလို့ မိုးပြိုလာသည်။ မိုးစက်များနှင့်လေကြမ်းတို့ရောယှက်ပြီး ဝေ့ကာဝှိက်ကာ တိုက်ခတ်လေသည်။ ဖွင့်ထားသော သစ်သားပြတင်းပေါက်တံခါးချပ်က လှုပ်ရှားနေ၏။ အိမ်ရှေ့သံဇကာမှတစ်ဆင့် မိုးရေစက်များ ခုန်ချဆင်းလာကြသည်။ အိမ်ထုတ်တန်းတွင်ချည်ထားသော ကြိုးစသည်လည်းတန်းလန်း ။

"ဝုန်း..''

သရက်ပင်ကိုင်းသည် လေဒဏ်ကိုအံတု၍မနိုင်ဘဲ ညွှတ်ကျိုးကျသံမှာ ဟိန်းထွက်လာ၏။ နမ်းမဝမှာ ဧချင်းမေရင်ခွင်ထဲမှ အလျင်အမြန်ပြန်ထွက်လိုက်သည်။အားကိုးရာကိုထပ်မရှာစမ်းနဲ့ နမ်းမဝ။

မျက်ရည်စတွေကို အကုန်သုတ်ပစ်ပြီး ကြမ်းခင်းကိုစိုက်ကြည့်နေမိသည်။

"တို့နဲ့ ခဏလောက်လိုက်ခဲ့ပါလား အနမ်း။''

ဧချင်းမေက ငြိမ်နေတဲ့နမ်းမဝရဲ့အရိပ်အခြေကို
ကြည့်သည်။ နမ်းမဝက ခွန်းတုံ့မပြန်ဘဲ ငြိမ်သက်ဆဲပင်။ မျက်ကွင်းတွေညိုကျနေပြီး ဖရိုဖရဲပုံစံဖြစ်နေ၏။ လေသံကလည်း တိုးတိုးလေးသာထွက်လာသည်။

"ဘယ်ကိုလိုက်ရမှာလဲ... ''

"ဒီနေ့... ကိုနိုင့်ကိုသင်္ဂြိုလ်မှာလေ။ ကိုနိုင့်နောက်ဆုံးအချိန်ကို လိုက်ပို့လိုက်ပါ အနမ်းရယ်...ဒါ တကယ့်နောက်ဆုံးအချိန်ပါ ။ ''

တကယ့်နောက်ဆုံးအချိန်တဲ့လား...မဟုတ်ဘူး ။
တကယ့်နောက်ဆုံးအချိန်ဆိုတာ နမ်းမဝကျောခိုင်းခဲ့တဲ့အချိန်ပဲ ။ အခုအချိန်ကို နမ်းမဝစိတ်ထဲမှာမရှိတော့ဘူး ။ တစ်သက်လုံး နိုင်မဝကိုမျှော်လင့်ပြီး ရပ်တည်လာခဲ့တာဟာ... နမ်းမဝကို နိုင်မဝက စွန့်ပစ်လိုက်ဖို့မဟုတ်ဘူး ။

နိုင်မဝမှာအသိတရားရှိမယ်လို့ အသေအချာယုံကြည်ခဲ့တဲ့ငါ့ဘက်ကို လုံးဝငဲ့မကြည့်တဲ့ကောင် ။ နိုင်မဝကို ငါအများကြီးမျှော်လင့်ခဲ့တာ။ မျှော်လင့်ချက်ကင်းကင်းနဲ့...လူတွေဟာ သစ်ပင်တစ်ပင်တောင်မစိုက်ကျတာကို ငါ့ကျမှ မျှော်လင့်ချက်ထားတဲ့ငါကမှားရတယ်။

"လိုက်ခဲ့ပါ အနမ်း...''

ဧချင်းမေက နမ်းမဝလက်ကိုဆွဲကိုင်ပြီး ထူသည်။အစ်ကိုဖြစ်သူကိုပုံအောချစ်တဲ့ညီမဟာ အစ်ကိုရဲ့နောက်ဆုံးမျက်နှာလေးကို မတွေ့လိုက်လို့မဖြစ်ဟုတွေးပြီး...နမ်းမဝကိုအရခေါ်နေမိသည်။

အနက်ရှိုင်းဆုံး နဒီWhere stories live. Discover now