အခန်း ၄

206 32 7
                                    


▪▪▪February 2009

တစ်လမှတစ်လနှင့်၊ တဖြည်းဖြည်း
နောက်ဆုံးစာမေးပွဲရက်များသို့ နီးကပ်လာသည်။
နိုင်မဝမှာ ဖွားလေးကိုသတိမရတော့သလို့ ၊
နမ်းမဝကလည်း ဖွားလေးကိုမတမ်းတနိုင်ပေ။
ကိုယ်လုပ်စရာရှိတာကိုသာ
ကြိုးစားလုပ်ကိုင်ကြလေသည်။
နိုင်မဝကတော့ ကျက်စာတွက်စာမှန်သမျှကို
ပိုင်နိုင်နေပေမယ့် ၊ နမ်းမဝက ဘာမှမပိုင်။
ဘာမှမပိုင်အောင်လည်း
နမ်းမဝကြိုတင်ကြံစည်ထားတာဖြစ်သည်။
ကိုးတန်းအောင်၍ဆယ်တန်းတက်ဖို့ဆန္ဒကို
နမ်းမဝ သတ်ပစ်လိုက်တာ လချီနေပြီ ။

"အငယ် ၊ နင်စာကျက်တာ ကိုကိုမတွေ့ပါလား ။ ''

"ကျောင်းမှာကျက်တယ်လေဟာ ...''

မျက်နှာကိုစိုက်ကြည့်နေတဲ့
နိုင်နိုင့်အကြည့်ကိုရှောင်ရှားဖို့ ဦးခေါင်းကိုငုံ့ကာ
စံပယ်ဖူးကိုသီနေလိုက်သည်။
နမ်းမဝအတွက် သည်အချိန်တွေဟာ ၊
စာကျက်ဖို့မဟုတ်တော့ ။
ပိုက်ဆံစုဖို့ဖြစ်သည်။
ရှာ၍ရသမျှပိုက်ဆံလေးတွေကို
ကျစ်နေအောင်စုထားရမည့်အချိန်ဖြစ်သည်။

"နင်တို့စာသင်ခန်းကို ကိုကို လာကြည့်တိုင်း
အငယ်အိပ်နေတာပဲလေ။ ညဘယ်အချိန်ကျမှ
အဖေပြန်လာတာလဲ ။ ''
စံပယ်ဖူးသီနေသော နမ်းမဝလက်တွေရပ်သွားသည်။
ဦးမင်းနိုင်က တစ်ချို့ညတွေဆို အိမ်ကိုပြန်မလာပေ။
အဖေဖြစ်သူကိုစောင့်ရင်း တံခါးနားမှာတင်
ခွေခွေလေးအိပ်ပျော်နေမိပြီး
ဒေါ်ခိုင်မာညဈေးကပြန်လာမှလန့်နိုးရတဲ့
ညတွေကလည်းထပ်လာသည်။

"အငယ်... ငါမေးနေတယ်လေ ''

"ဟေ..အေး ''

"အဖေဘယ်အချိန်ပြန်ရောက်လဲလို့ ။ ''

"ထုံးစံအတိုင်း.. ၁၁နာရီ၁၂နာရီပေါ့ဟာ ။ ''

"ခွေးမလေး ၊ အဲ့ဒီအချိန်ရောက်မှ
ငါအိပ်တာလေဟာ ။ ''

"နင်အိပ်ပျော်ပြီး တအောင့်နေရင်ရောက်လာရော..''

"မဟုတ်သေးပါဘူး အငယ် ။ မနက်ပိုင်း နေမြင့်မှထတဲ့အဖေက မနက်အစောကြီး ငါအိပ်ရာမနိုးခင်
ပန်းကုံးတွေသွားသွားပို့နေတာ ဟုတ်မှဟုတ်ရဲ့လား ''

အနက်ရှိုင်းဆုံး နဒီWhere stories live. Discover now