အခန်း ၁၄

111 16 1
                                    

June 2018

လေးထောင့်စားပွဲခုံကိုခြားလျက် ဒုရဲအုပ်မြတ်ဦးနှင့် နမ်းမဝတို့ မျက်နှာချင်းဆိုင်ထိုင်နေကြလေသည်။
ဖွင့်ထားသောပြတင်းပေါက်ကြောင့် အခန်းထဲတွင် အလင်းရောင်နှင့် လေပြည်တချို့လှည့်ပတ်နေ၏။ လူနှစ်ယောက်သာရှိသောအခန်း၌ တစ်ခန်းလုံးငြိမ်သက်တိတ်ဆိတ်နေပြီး အသက်ရှူသံတိုးလျလျသာကြားရလေသည်။

"ကိုနိုင်မဝက အိမ်မှာမနေတာကြာပြီလား...''

အသင့်ဖျော်ကော်ဖီထုပ်ကိုဖောက်ထည့်ပြီး နမ်းမဝရှေ့မှာပင် ဇွန်းနှင့်မွှေနှောက်နေသော မြတ်ဦးက လေသံအေးအေးနှင့် နမ်းမဝကိုမေးသည်။

"ဟုတ်ကဲ့..သူ ဖိုင်နယ်ပတ်ဝမ်းကတည်းက အဆောင်မှာနေဖြစ်တော့ အိမ်မှာမနေပါဘူး ။''

နမ်းမဝလေသံကလည်း အေးအေးဆေးဆေးပဲဖြစ်သည်။ မြတ်ဦးလှမ်းပေးသော ကော်ဖီခွက်ကို
အသာအယာယူလေသည်။

"ပိတ်ရက်ဆိုရင် အိမ်ကိုပြန်လာတယ်မလား..''

"ပိတ်ရက်ပေမဲ့ သူစာလုပ်စရာရှိရင်မလာပါဘူး။''

မြတ်ဦးက စာအုပ်တစ်အုပ်ကိုဖွင့်၍ ဘောပင်တစ်ချောင်းဖြင့် ရေးမှတ်၏။ နမ်းမဝသည် မြတ်ဦးကို မမှိတ်မသုန်ကြည့်နေသည်။

"ကော်ဖီသောက်ပါဦး...မနမ်းမဝ''

ကော်ဖီခွက်ကိုမေးငေါ့ပြသောမြတ်ဦးကို နမ်းမဝက ခေါင်းခါပြီး ကော်ဖီမကြိုက်ကြောင်း ပြန်ပြောလေသည်။

"ဒီတစ်ခါအိမ်ပြန်မလာတာ အကြာဆုံးပဲလို့ မိခင်ဖြစ်သူကပြောထားတာရှိပါတယ် ။ ဟုတ်ပါသလား မနမ်းမဝ''

"ဟုတ်ပါတယ်..''

"အရင်ဆို ကိုနိုင်မဝ အိမ်ပြန်မလာတာကြာရင်..မနမ်းမဝသွားတွေ့တယ်နော် ..''

အရိပ်အကဲဖမ်းသောမျက်လုံးမျိုးနှင့် နမ်းမဝကိုကြည့်နေသော မြတ်ဦး ။ အမှုစစ်ရဲပီသအောင် မေးခွန်းကိုလှည့်မေးနေသောမြတ်ဦးကို နမ်းမဝကလည်းစိုက်ကြည့်ပြီးပြုံးသည်။

"မေးချင်တာကို တည့်တည့်ပဲမေးပါဆရာ...''

"အာ.. ဟား...''

အမှုစစ်ကိုပြန်ပြီးစိတ်မရှည်သော နမ်းမဝကို မြတ်ဦးက မခံချိမခံသာနှင့် မှိတ်ကြိတ်သည်းခံရလေသည်။

အနက်ရှိုင်းဆုံး နဒီDonde viven las historias. Descúbrelo ahora