အခန်း ၆

179 33 3
                                    


မီးပူတိုက်ထား၍ပြန့်နေသောအင်္ကျီဖြူဖြူနှင့် လုံချည်အစိမ်းကိုဝတ်လိုက်သည်။ အဆင်သင့်ပြင်ပေးသော ထမင်းချိုင့်ဆွဲ၍ အဆင်သင့်ကျောင်းတက်ရုံပင်ဖြစ်သည်။ကျောင်းကပြန်လာလျှင်ကျူရှင်တက်...ကျူရှင်ကပြန်လာလျှင်ခဏနားပြီး စာအုပ်ကိုပြန်ဖွင့်...ဒါတွေနဲ့ပဲ တစ်နေ့တစ်နေ့ အချိန်စက်ဝိုင်းလည်ပတ်ရလေသည်။ လကုန်ရက်ဆိုလျှင် ကျူရှင်လခနှင့် ကျောင်းအသုံးစရိတ်က လက်ထဲရောက်လာသည်။
ပိုက်ဆံကိုဘယ်လိုရှာရကြောင်း ဘယ်လိုစီမံနေကြောင်း ဘာဆိုဘာမျှမသိပေမဲ့...နိုင်မဝအတွက် ပြီးပြည့်စုံသည်မဟုတ်တောင် လိုအပ်တာမရှိပေ။

ကျန်နေတဲ့အသီးအရွက်တချို့ကို ခြင်းထဲထည့်ခဲ့ပြီး ဆိုင်သိမ်းနေသည့်နမ်းမဝကိုကြည့်ရင်း နိုင်မဝဝမ်းနည်းရုံသာ ။ ဆိုင်သိမ်းပြီး၍ မောင်နှစ်မနှစ်ယောက်ဈေးမှထွက်ခဲ့ကြသည်။ ဘုရားကုန်းဈေးမှတစ်ဆင့် ကျိုက်ခေါက်စေတီတော်ရှေ့အထိ
လမ်းလျှောက်ပြီးမှ ကားလမ်းတစ်ဘက်ကိုကူး၍
ရပ်ကွက်ထဲသို့ဝင်သော နိမ့်လျှောဖြစ်နေသည့် မြေနီလမ်းသို့လှမ်းလိုက်ကြသည်။

ညနေစောင်းအချိန်အခါဝယ် အိပ်တန်းတက်ငှက်ကလေးများမှာ ကောင်းကင်တစ်ခွင် ပျံသန်းနေကြလေသည်။ အနောက်ဘက်အရပ်တွင်အိပ်စက်မည့်
နေမင်းကိုကျောခိုင်းပြီး အရှေ့ဘက်အရပ်ရှိအိမ်တွင်ခိုနားဖို့ရာ နမ်းမဝတို့မောင်နှမ အိမ်ပြန်ကြရလေသည်။

အိမ်ကိုရောက်တော့ အမေက သုံးလသားအရွယ်ကလေးကိုပွေ့ပိုက်ကာထိန်းရင်း ထိုင်စောင့်ဆီးကြိုသည်။ ဈေးမရောင်းရ ၊ ဘယ်မှလည်းမသွားရနှင့် အမေ့မျက်နှာလေးအဆင်းလှလာ၍ နိုင်မဝစိတ်ချမ်းသာသည်။ လွယ်အိတ်ကိုချကာ ကလေးကိုလက်လွှဲယူလိုက်ရသည်။နိုင်မဝပြန်လာမှ အမေ့မှာကလေးထိန်းခြင်း အနားရသည်။ မဟုတ်လျှင်..ကလေးကြည့်ရင်း ထမင်းစားရသည်။ နိုင်မဝမလာသေးလျှင် ရေမချိုးနိုင်။
သန့်စင်ခန်းသွားဖို့ကိုပင် ဝရုန်းသုန်းကားပြေးလွှားရသည်။ နမ်းမဝရှိနေ၍ ကလေးကိုထားခဲ့ပါက ငိုချင်လည်းငို ကြည့်ရုံကြည့်နေသည်။ နိုင်မဝကတော့ ကလေးလူးလွန့်လာတာနဲ့ပင် ကောက်ချီပြီးမြှူသည်။
တစ်ချက်တော့ရှိသည်...နိုင်မဝစာကျက်နေချိန်
ကလေးထငိုပါက နမ်းမဝက မချီချင်ချီချင်ပုံစံဖြင့်
ချီပြီးထိန်းပေးလေသည်။

အနက်ရှိုင်းဆုံး နဒီWhere stories live. Discover now