အခန်း ၂

278 37 7
                                    

▪▪▪▪▪
July 2003

ကောင်းကင်ကြီးတစ်ခုလုံး ညိုမှိုင်းအုပ်ဆိုင်းနေသည်။
မိုးရနံ့ပါသောလေများတိုက်ခတ်လာလေသည်။ 'လေ'ရဲ့နောက်တွင် မိုးမှုန်မိုးစလေးများကပ်လိုက်လာသည်။မိုးမှုန်မိုးစလေးများဖွဲကျလာသောအခါ မိုးနတ်သားက ခြိမ်းဟန့်လျက်အင်အားပြပြီး၊ လျှပ်စီးကလည်း လက်ခနဲဖျက်ခနဲဝင်းပသွား၏။ ရပ်ကွက်လေးတစ်ခုရဲ့အစွန်အဖျားရှိအိမ်ငယ်လေးမှ ဓနိခေါင်မိုးကလေးဟာ တစ်ဆောင်းလုံးတစ်နွေလုံး နေဒဏ်လေဒဏ်ကို
တင်းခံပြီးနောက်...မိုးရာသီမှာတော့ တချို့ဓနိများ
အဆွေးအမြေ့ဖြစ်ကာပျက်စီးတော့လေသည်။
ထို့ကြောင့် မိုးရွာသောအခါ ကြမ်းခင်းပြင်တစ်ခုလုံး ရွှဲရွှဲစိုနေ၏။ လေကြမ်းကမြူးတဲ့အခါ ဝါးတိုင်များမှာ
ယိုင်နဲ့လှုပ်ခါသွားသည်။အိမ်စုတ်စုတ်လေးဟာ မိုးနတ်သားရဲ့ စေလိုရာစေနေရမယ့်သူလို ရို့ကျိုးနာခံသည်။

အိမ်ခေါင်မိုးမှယိုစီးကျလာသောမိုးစက်များမှာ ခန္ဓာကိုယ်ကို စိမ့်နေအောင်ချမ်းစေသည်။ နမ်းမဝသည် ဒူးခေါင်းလေးကိုပိုက်ကာ ခုန်ဆင်းလာသောမိုးရေများကိုငေးကြည့်နေမိသည်။ သူတို့အိမ်လေးဟာ တစ်ခါတရံ အေးသည်။တစ်ခါတလေ ပူသည်။
အခုလိုမိုးတွေရွာတော့ မိုးရေစိုလို့ချမ်းရသည်။ နှင်းတွေကျတဲ့အခါဆိုလျှင်လည်း လေမလုံတဲ့အိမ်ကအေးသည်။ နေတွေတအားပူပြန်တော့ သစ်ပင်အောက်တွင်အပူသက်သာပေမဲ့ ၊ နေပျောက်ထိုးတဲ့သူတို့အိမ်ကပူလောင်ပါသည်။ အိမ်ဆိုတာ လုံခြုံမှုနဲ့နွေးထွေးမှုရှိတဲ့အရာလို့ ဖွားလေးကတော့ပြောသည်။ ဒါဆို...အမြဲမလုံခြုံဘဲချမ်းအေးတဲ့ သူတို့အိမ်က...အိမ်မဟုတ်ဘူးလားဟု အမြွှာတို့တွေးနေမိသည်။

"အငယ်...ကိုကို့ဒီဘက်မှာရေစက်တွေကျနေတယ် ''

နမ်းမဝသည်ဒူးပွေ့ထားတာကိုဖြည်ချပြီး နိုင်မဝကိုလှည့်ကြည့်၏။
တကယ်တော့ နိုင်နိုင့်ဘက်မှမဟုတ် ၊ တစ်အိမ်လုံး ရေစက်တွေကျနေတာပါ နိုင်နိုင်ရယ် ။

"ဗိုက်ဆာလား အငယ် ''
ဆာနေတာကြာပြီပေါ့ ၊ နမ်းမဝရဲ့ဗိုက်က အချိန်ပြည့်ဆာနေတတ်တာပဲလေ။ ဒီနေ့ကတော့ ရာသီဥတုချမ်းအေးလို့ ပိုဆာသလိုလိုပေ။ အဖေနဲ့အမေကလည်း ဘယ်ကိုသွားမှန်းမသိ ။

အနက်ရှိုင်းဆုံး နဒီWhere stories live. Discover now