အခန်း ၅

187 31 5
                                    

May 2010

ရော်ရွက်ဝါတွေကြွေပြီး...စိမ်းနုရွက်တွေဝေလေပြီ ။
မေလအကုန် မိုးလေးတဖြောက်ဖြောက်နှင့် မိုးဦးရာသီဝင်လာ၏။ နွေအရှိန်ကြောင့် ပူပြင်းခဲ့တဲ့သဲမြေတွေကို မိုးစက်မိုးပွားများကဖိသိပ်ထားသည်။ ခိုထီးအနက်ရောင်ကိုဆောင်းကာ ယင်းမာဖိနပ်အဖြူနှင့် ခြေလှမ်းများသွက်နေသော မိန်းကလေးတစ်ယောက်ရဲ့အပြုံးတွေလှနေတော့သည်။

ဆယ့်ငါးနှစ်အရွယ်ရဲ့ပျိုမြစ်နုနယ်မှုက လှသွေးကြွပေသည်။ သို့ပေမဲ့...ခြေလှမ်းတွေမှာ အင်အားပါသည်။
မမြင်စဖူးအမြင်ထူးအောင် သူမပြုံးနေသော်လည်း... ထိုအပြုံးတွေကိုငေးမောရဲသူမရှိအောင် ခက်ထန်မာကြောသော နမ်းမဝပင်ဖြစ်သည်။

နမ်းမဝအတွေးထဲမှာ ပျော်မြူးနေသည်။
တကယ်ကို ရင်ထဲ၌ လှိုက်လှိုက်လှဲလှဲပျော်မြူးနေသည်။လျှောက်နေကျ ခဲကြမ်းလမ်းကဖြူးဖြောင့်နေပြီး...မြင်တွေ့နေကျ ရေမြောင်းညစ်ညစ်တွေက
ကြည်လင်နေသလိုပင် ။

လကုန်ရက်တွေဟာ နမ်းမဝပျော်တဲ့ရက်တွေပါပဲ။
လုပ်အားခလစာကို ကျစ်နေအောင်စုဆောင်းပြီး နိုင်မဝကိုကျောင်းထားရမှာ နမ်းမဝပျော်သင့်ပါသည်။
ခြံတံခါးကိုတွန်းဖွင့်လိုက်တာနှင့် အိမ်ခြေရင်းရှိမြေကွက်လပ်၌စိုက်ထားသောကန်စွန်းခင်းတွင် မြက်နုတ်နေသည့် နိုင်မဝကိုဦးစွာတွေ့ရသည်။ ကျောင်းပိတ်ရက်တွေမှာ နမ်းမဝကအထည်ချုပ်စက်ရုံတွင်အလုပ်လုပ်နေသလို ၊ နိုင်မဝက ခြံမြေကွက်အလွတ်တွင် ဟင်းသီးဟင်းရွက်ပင်များကိုစိုက်ပျိုးရောင်းချသည်။နှစ်ရှည်လများစီမံကိန်းအတွက်
ပိုက်ဆံကိုရှာလို့ရသလောက်ရှာကြလေသည်။

"ပြန်လာတာစောနေပါလား အငယ်...''
စွပ်ကျယ်အင်္ကျီအနားစဖြင့် မျက်နှာမှချွေးစက်များကို
ငုံ့သုတ်ရင်းမေးသော နိုင်မဝအနားသို့ နမ်းမဝပြေးသွားလိုက်သည်။
သူမရဲ့အပြုံးတွေပိုလို့လင်းလက်နေသည်။

"ဒီနေ့လစာထုတ်ရက် နိုင်နိုင်ရဲ့...''
နိုင်မဝရဲ့နံဘေးတွင်ဆွဲခြင်းလေးချကာ ဝင်ထိုင်ရင်း နမ်းမဝကပြောတော့ နိုင်မဝမျက်နှာတွင် ဝမ်းနည်းရိပ်တို့ထင်ဟပ်ငြိကပ်လာသည်။ ဒီနေ့က လတစ်လရဲ့အဆုံးသတ်ရက်ဆိုတော့ မနက်ဖြန်က လတစ်လရဲ့ရက်အစပေါ့ ။

အနက်ရှိုင်းဆုံး နဒီOù les histoires vivent. Découvrez maintenant