Part-(5)

3.8K 468 8
                                    

Unicode


"Jeon Jungkook...!!! နင့်ကြောင့် ငါ့မောင်လေးတွေကို အခုမိဘမဲ့ဂေဟာကို ပို့ထားရပီ....လုပ်သက်လေးနှစ်အတွင်းကို အမှားလေးတစ်ခါလုပ်မိတာနဲ့ အလုပ်ဖြုတ်ပစ်တယ်ပေါ့..... နင့်ကြောင့် ငါ့မိဘ ငါ့မိဘတွေကိုလဲ....."

အော်ပြောနေသော အမျိုးသမီးသည် စကားသံတို့ ထပ်ထွက်မလာပါချေ....။မျက်ဝန်းတို့သည်လဲ အတော်လေးနာကျင်ဝမ်းနည်းနေဟန်တူသည်.....။မောင်လေးတွေကို မိဘမဲ့ဂေဟာပို့ထားရသည်ဆိုသောကြောင့် Jimin စိတ်မကောင်း.....။ကုန်တိုက်ထဲဝင်ဝင်ခြင်း ဖြစ်နေသော ပြဿနာကြောင့် Jimin ရပ်ကြည့်နေမိခြင်းရယ်ပါ....။Jeon Jungkook ကတော့နောက်ကျောပေးရပ်ထားတာကြောင့် သူ့ကိုမမြင်.....။ ဒီနေ့ Interview ရှိသည် လာခဲ့ဆိုတာကြောင့် JK ကုန်တိုက်ကို Jimin ရောက်ရှိနေခြင်းပါ....။မင်ယူဂျင်းဘဝသည်လဲ လက်မထပ်ရသေးတာတောင် Jeon Jungkook သတို့သားလောင်းဆိုပီး အကုန်လိုက်လုပ်ပေးနေရသည်...။လောလောဆယ် Jimin တစ်ခု ဆုတောင်းနေမိသည်က ထယ်နဲ့ မတွေ့ပါစေနဲ့ဟုပင်....။ ထယ်က ဒီမှာ အလုပ်လုပ်နေတာမဟုတ်လား.....။

JK ဘဝတွင်အမုန်းဆုံးသည် စည်းကမ်းမလိုက်နာခြင်းအပြင်မရှိခဲ့....။ လက်ရှိရှေ့တွင်ရပ်ကာ အော်ပြောနေသော အမျိုးသမီးသည်...လတ်တလောကမှ အလုပ်ဖြုတ်ပစ်သောသူပင်....။ အကြောင်းပြချက်မှိပဲ ထုတ်တာမျိုးမဟုတ်ပါ.....။ Duty ချိန်အတွင်း ဆေးလိပ်သောက်ခွင့်မရှိပါဘူးဆိုတာကို ခိုးသောက်ခြင်းကြောင့်ပင်...။ ခင်ဗျားတို့ပဲ စဥ်းစားကြည့်လေ....။ နိုင်ငံတကာအဆင့်မှီ ဖွင့်လှစ်ထားတဲ့ JK ကုန်တိုက်ရဲ့ အရောင်းဝန်ထမ်းက ပစ္စည်းတစ်ခုအကြောင်း ရှင်းပြတာ ဆေးလိပ်စော်တွေနံနေတယ်ဆိုရင် ဘယ်လောက် Image ကျလိုက်သလဲ....။

JK အတွေးတို့အဆုံးမသတ်လိုက်ခင်မှာပဲ...သူ့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ပျံဝဲလာသော လက်သီးဆုပ်ခန့် ခရမ်းချဥ်သီးတစ်လုံး....။ ရှောင်ချိန်မရတော့တာကြောင့် မျက်လုံးတို့သည် မှိတ်မိလျက်သား ဖြစ်သွားကာ မျက်နှာကို လွှဲထားမိသည်....။သို့သော်....ခရမ်းချဥ်သီးသည်....သူထင်ထားသလို သူ့မျက်နှာပေါ် ရောက်မလာခဲ့ပါ....။

🖤 The Curse 🖤 { ကျိန်စာ } [Uni+Zawgyi]//COMPLETE//Where stories live. Discover now