Part-13

3.6K 462 30
                                    

Unicode


"Jungkook shi....ကျွန်တော်လာတယ်....."

မေမေ့ဘက်က အဘွားရှိတဲ့ ပါဂျူကို ခဏသွားလည်ရင်း စကားပြောနေတုန်း အရှေ့ကအော်နေတဲ့အသံဆာဆာလေးကြောင့် JK ခေါင်းတို့ဆတ်ခနဲမတ်သွားရသည်....။

ယူဂျင်း....???..

"ဖွားဖွားကြီးခေါ်ထားတာ မြေးငယ်...."

ဖွားဖွားကြီးကိုလဲ မယုံနိုင်သလိုကြည့်ရင်း JK တစ်ယောက်ဘာစကားမှမဆိုမိ....။ ဖွားဖွားကြီးက လက်ထပ်ပွဲဆက်မလုပ်ဘူးဆိုတာကို မသိထားသေး...။ရုတ်တရက်ပြောလိုက်ရင် Shock ရသွားနိုင်တာမို့....။

ဧည့်ခန်းထဲဝင်ဝင်ချင်း မတ်မတ်ကြီးထိုင်နေတဲ့ ဘဲကြီးကြောင့် Jimin ရင်ထဲသိမ့်ခနဲ...။ လွမ်းနေတာ...ခင်ဗျားကို ကျွန်တော်တကယ်လွမ်းနေခဲ့တာ....။ Mark မှာပြန်တွေ့ပီးတော့ ဆုံးဖြတ်ချက်တွေ ဇဝေဇဝါဖြစ်နေတဲ့ကျွန်တော်က ပြတ်ပြတ်သားသားဖြစ်ခဲ့တာ...။ Jimin ဆိုဖာမှာ ဝင်ထိုင်ရင်း ဘဲကြီးကို စိတ်လိုလက်ရ ပြုံးပြလိုက်သော်လဲ ဘဲကြီးကရှူတည်တည်ကြီး....။ ဒါကြောင့် မျက်စောင်းပိတ်ထိုးပစ်ကာ....

"ဖွားဖွားကြီး နေ့ခင်းစာ စားပီးပီလားဟင်... "

"မစားရသေးပါဘူး မြေးရယ်....ဂျုံခေါက်ဆွဲစားမယ်စိတ်ကူးနေတာ လှမ်းမှာမလို့လေ..."

"ကျွန်တော်ရှိနေတာကို ဘာလို့မှာနေမလဲ...ကျွန်တော်လုပ်ကျွေးမှာပေါ့....ဂျုံရှိတယ်မလား...."

"ရှိတယ် မြေးလေး....Kitchen ထဲကို ခေါ်သွားလိုက်ပါဦးမြေးငယ်...."

ခပ်တည်တည်နဲ့ ထ ထွက်သွားတဲ့ ဘဲကြီးနောက်လိုက်ရင်း မေးလာတဲ့အခါ ဘယ်လိုအဖြေ ပြန်ဖြေရမလဲဆိုတာ စဥ်းစားနေရသည်...။ သို့သော် ဘာမှမေးမလာတဲ့အပြင် ထမင်းစား စားပွဲခုံကြီးတွင် ဝင်ထိုင်နေကာ မလှုက်မယှက်ဖြင့်...။ Jimin ဘာမှပြောမနေပဲ ကိုယ်လုပ်စရာရှိတာသာ ဆက်လုပ်နေလိုက်သည်...။ အလာတုန်းကတစ်ယောက်ထဲဆိုသော်လဲ အပြန်မှာ နှစ်ယောက်အတူပြန်ရမှာပဲဟာ.....။

"မြေးလေး....ယူဂျင်း အဆင်ပြေရဲ့လား...."

"မပြေဘူး ဖွားဖွား....."

🖤 The Curse 🖤 { ကျိန်စာ } [Uni+Zawgyi]//COMPLETE//Nơi câu chuyện tồn tại. Hãy khám phá bây giờ