Part-(32) {Final}

4.6K 386 18
                                    


Unicode

"ဘာပြောတယ် အတွင်းရေးမှူးJung..."

စာရွက်စာတမ်းတစ်ချို့ကိုလက်မှတ်ထိုးနေရင်းမှ JK ပြန်မေးလိုက်မိသည်...။ သူများနားကြားမှားလေသလား....။

"ဒီနေ့ပဲ Park Jimin shi က ကိုရီးယားကနေထွက်သွားတော့မှာတဲ့ CEO..."

ထွက်သွားတော့မှာတဲ့ဆိုတဲ့စကားတစ်ခွန်းကသာလျှင် နားထဲမယ်ပဲ့တင်ထပ်နေပြီး လက်မှတ်ထိုးလက်စစာရွက်စာတမ်းတွေကိုဒီတိုင်း ထားခဲ့ကာရုံးခန်းဆိုတဲ့နေရာကြီးကနေ ဒရောသောပါးပြေးထွက်ခဲ့မိသည်....။ လောကကြီးဟာဇောက်ထိုးမိုးမျှော်ဖြစ်နေသလို ပြေးနေတဲ့ခြေထောက်တွေဟာလဲ ခုချိန်ကျမှနှေးနေသလို အားမလိုအားမရတွေဖြစ်ရသည်ထိ...။ ဒီနေ့ညနေအလုပ်တွေအားလုံးပြီးတဲ့အခါ သွားတွေ့တော့မလို့ပါ... ။ ကလေးငယ်ရဲ့အုပ်ထိန်းသူရှေ့မှောက် ဝပ်တွားခယပြီး ဒီကလေးကိုအပိုင်ရဖို့ ခွင့်ပြုဖို့ရာတောင်းဆိုတော့မလို့ပါ....။ စာရေးဆရာကတော့ မျက်လှည့်တွေပြလိုက်ပြန်ပြီ....။

"တက်ပါ CEO... ကျွန်တော်လိုက်ပို့မယ်...ပြေးနေတာထက်စာရင်ပိုမြန်တာပေါ့.."

"အေးအေး..."

စိတ်နဲ့လူနဲ့မကပ်နေတော့တဲ့ CEO ကိုကြည့်ရင်း Hoseok သက်မချမိပါသည်...။ သခင်မကြီးကလဲအိမ်ကနေထွက်သွားတာမလို့ အိမ်တော်ရဲ့လုပ်ငန်းတိုင်းက CEO ခေါင်းပေါ်မယ်ရောက်လာရသည်...။ စိတ်ပင်ပန်းလူပင်ပန်းမလို့ တော်တော်လေးအားတင်းထားရမှန်း အနီးကပ်နေသူမို့ Hoseok သိသည်...။ အခုလဲ ထယ်ကမပြောရဘူးနော်ဆိုပြီးတားတဲ့ကြားက သူထုတ်ပြောမိခြင်းပါ...။ ထွက်သွားပြီးမှသိလိုက်ရရင်အရူးမီးဝိုင်းသလိုဖြစ်မှာမျိုး Hoseok မလိုချင်ပါ...။ အဆင်ပြေလာပြီဟုထင်မှတ်ထားသော်လဲ အကြောင်းကိစ္စတွေကမထင်ထားသလိုတစ်ခုပြီးတစ်ခုဖြစ်နေရခြင်းအပေါ် ဘယ်သူ့ကိုအပြစ်တင်လို့တင်ရမှန်းမသိ...။ သေချာစဥ်းစားကြည့်ရင်မည်သူတစ်ဦးတစ်ယောက်မှလဲမှားမနေပါ...။

အင်ချွန်းလေဆိပ်ထဲမှာ Suit အပြည့်နဲ့ကောင်လေးက ဟိုဒီပြေးလွှားရင်း မျက်ဝန်းထဲစွဲနေခဲ့တဲ့သေးငယ်တဲ့ပုံရိပ်လေးကို အပြေးအလွှားကိုလိုက်ရှာနေခဲ့သည်...။

🖤 The Curse 🖤 { ကျိန်စာ } [Uni+Zawgyi]//COMPLETE//Where stories live. Discover now