Park-(12)

3.5K 472 26
                                    

Unicode

At Seoul,

"အခုမှ စေ့စပ်ပွဲကိုဖျက်သိမ်းမယ်...ဟုတ်လား Jungkook...."

ခုံမှာမတ်မတ်ထိုင်ရင်း JK ဘာစကားမှပြောမထွက်...။ ယူဂျင်းကလဲနားမလည်သလိုကြည့်နေသည်....။ ကိုယ်ကသာ ဝမ်းနည်းပက်လက်မျက်စိမျက်နှာပျက်နေသော်လဲ ယူဂျင်းသည် ဘာမှခံစားရဟန်မရှိ...။

"အကြောင်းပြချက်ကဘာလဲ Jungkook...."

Mrs.Min သေချာအောင် ထပ်မေးရသည်...။အကြောင်းပြချက်သေချာရေရာသိဖို့လိုလေသည်...။ Park Jimin မရှိတော့လို့ ရှေ့ဆက်ဖို့မလွယ်သည့် ဒီကိစ္စတွင် စေ့စပ်ပွဲပျက်တာသည် တစ်ပူအေးရပေမဲ့လို့  စေ့စပ်တာကိုလက်ခံထားလို့ ရထားသည့် Company ရှယ်ယာနဲ့ အကျိုးအမြတ်က နည်းမှမနည်းပဲ...။စေ့စပ်ပွဲပျက်ရင် အကုန်ပြန်ပေးရမည်ထင်သည်...။

"ကျွန်တော်ယူဂျင်းကို အဆုံးရှူံးမခံနိုင်လို့ပါ..."

"ဘယ်လို....!!..."

ကိုယ့်အထုတ်ကိုယ်ဖြည်ပြသလို အကုန်ရှင်းပြမှရမယ်ထင်ပါသည်....။

"ကျွန်တော်တို့အိမ်တော်ရဲ့ ကျိန်စာကို အမေတို့သိရဲ့လား....ကျွန်တော်သာ ယူဂျင်းနဲ့လက်ထပ်ရင် ယူဂျင်းကိုဆုံးရှုံးရလိမ့််မယ်...လက်လွှတ်ရလိမ့်မယ်...."

"မင်းဆိုလိုချင်တာက....."

သိနေသော်ငြားလဲ မသိချင်ယောင်ဆောင်ရမည်မဟုတ်လား....။ ကိုယ်တွေသားအမိက Jeon Jungkook အမြင်မှာ ခြောက်ပစ်ကင်းသဲလဲစင်နေရမည်....။

"လက်ထပ်ပီးနောက်ရက်ကျရင် ယူဂျင်းသေဆုံးရလိမ့်မယ် အမေ....ဒါက အိမ်တော်ရဲ့ တကယ့်ကျိန်စာပဲ....ကျွန်တော့မေမေက ဒုတိယဇနီးဆိုတာ အမေတို့လဲ သိတယ်မဟုတ်လား....ဖေဖေ့ပထမဇနီးက အဲ့လိုအဲ့လိုလက်ထပ်ပီးနောက်ရက် တကယ်ဆုံးပါးသွားခဲ့တယ်....Jeon အိမ်တော်ရဲ့ အမွေဆက်ခံသူနဲ့ လက်ထပ်မဲ့ ပထမအိမ်ထောင်ဘက်တိုင်းက အကြောင်းပြချက် မရှိသေဆုံးရတယ်ဆိုတာ အမှန်တရားပဲ....."

ပြောရင်း JK သက်ပြင်းရှည်ကြီးတစ်ခုကိုချလိုက်သည်...။

"ပီးတော့...စေ့စပ်ပွဲပျက်လို့ Company ရှယ်ယာတွေ ကျွန်တော်တို့သဘောတူထားတာတွေက ပျက်သွားမှာမဟုတ်ပါဘူး....အရင်တိုင်းပဲ ရှိနေမှာပါ...."

🖤 The Curse 🖤 { ကျိန်စာ } [Uni+Zawgyi]//COMPLETE//Donde viven las historias. Descúbrelo ahora