Part-(7)

4.2K 473 27
                                    

Umicode

"Mrs.Aiko(အာအီကို) အတွက် လက်စွပ်အဆင်သင့်ဖြစ်ပီလား အတွင်းရေးမှူးJung.."

"ဟုတ်ကဲ့....အခုလာပို့နေပီလို့ ပြောပါတယ် CEO.."

"လုံးဝအမှားခံလို့မဖြစ်ဘူးနော်....ရောက်ရင် ရုံးခန်းထဲ ထားထားလိုက်....အော်...ယူဂျင်းရောက်လာရင် Make up room ထဲ လွှတ်လိုက်နော်..."

"ဟုတ်ကဲ့ပါ...CEO..."

CEO သည် အလုပ်နှင့်ပက်သတ်လျှင် သည်းမခံတတ်တာကြောင့် Hoseok ဒီတစ်ခါ အတော်လေးသတိထားနေရသည်...။ Japan ကလာတဲ့ လုပ်ငန်းရှင်အမျိုးသမီးသည် ကောင်းပေ့ဆိုသည့် စိန်ဖြင့် လုပ်ခိုင်းထားသော လပ်စွပ်အားဒီနေ့လာယူမည်ဆိုတာကြောင့် သေချာပြင်ဆင်နေရသည်...။ တချက်မှားလျှင် ပွဲသိမ်းသွားနိုင်သည်...။

Make up room ထဲတွင် အနည်းငယ်ပြင်ဆင်နေရင်း ယူဂျင်းကိုစောင့်နေမိသည်...။ စောနကမှ ဖုန်းဆက်ခေါ်ထားတာမို့ ကြာမည်မှန်းသိပါသည်...။ ယူဂျင်းနဲ့မဆုံဖြစ်တာ သုံးရက်...။ အမှန်တိုင်းပြောရရင် မျက်နှာပူတာကြောင့်လဲပါသည်...။ ယူဂျင်းသည်လဲ ထိုနေ့ကစလို့ ဖုန်းလဲမဆက်သလို ကုန်တိုက်ကိုလဲမလာပါ...။ အရင်ကဆက်လားဆိုတော့လဲ မဆက်ပါဘူး...။ ကိုယ်ကသာ လှမ်းလှမ်းခေါ်ရတာ...။ခေါ်ရင်တော့မငြင်းဘူး လာရှာသည်...။ Cream ပေနေတဲ့ နှုတ်ခမ်းထူလုံးလုံးလေးကို ဇိုးဇိုးဇတ်ဇတ် ဆွဲနမ်းမိတဲ့ညကထဲက အိမ်မက်တွေထဲထိပါ ဒီနှုတ်ခမ်းတွေပါလာခဲ့တာမို့ အိပ်မရပဲ မိုးလင်းခဲ့တာလဲ သုံးရက်တိတိမို့ အနားယူရန်လိုအပ်နေပေပီ...။ ခဏလေးမှေးလိုက်ပါဦးမယ်..။

ကျစ်...!!!
ဒီဘဲကြီးဟာလေ...။ ကြိုပြောပါတော့လား...ခုတော့ ဘာဝတ်ရမှန်းတောင်မသိတော့ဘူး...။ ဒီဘဲကြီးနဲ့လဲတကယ်ခက်ပါတယ်....။ ဗီရိုထဲတွင် Latest Brand အကျီတွေပုံနေသော်လဲ Jimin ဝတ်စရာမရှိပါ...။ လတ်တလောလေးကမှဝယ်ထားသော အကျီတွေသည်လဲ စိတ်ထဲအစုတ်တွေလိုခံစားနေရသည်....။ အကျီတွေ ဟိုဆွဲဒီဆွဲ ဆွဲနေရင်းမှ ချိတ်ထားသော ကုဒ်အကျီတစ်ထည်ကိုကြည့်မိသောအခါ...လက်တို့က နှုတ်ခမ်းဖူးဖူးလေးဆီ Auto ရောက်မိသွားသလို ရင်ထဲလဲ ညိမ့်ညိမ့်လေးခံစားလိုက်ရသည်... ။

🖤 The Curse 🖤 { ကျိန်စာ } [Uni+Zawgyi]//COMPLETE//Onde histórias criam vida. Descubra agora