Part-(28)

3.6K 521 78
                                    

Unicode


JK စမ်းတဝါးဝါးနဲ့ လမ်းလျှောက်နေမိသည်...။ ထုထည်ထူထဲစွာဆိုင်းနေတဲ့ မြူတွေကြား လမ်းလျှောက်လာရင်း အဆုံးသတ်သည် Jimin ရဲ့ဆိုင်...။ အချိန်ကြည့်တော့ ဆိုင်ပိတ်ချိန်တောင်အနည်းငယ်ကျော်လွန်နေချေပြီ...။ စိတ်ရဲ့ဆွဲဆောင်မှုကြောင့် မှန်တံခါးကိုတွန်းဖွင့်လိုက်တော့ အသာတကြည်ပင် ဖွင့်လို့ရသွားတာကြောင့် JK မျက်ခုံးတို့အလိုမကျစွာတွန့်ချိုးသွားရသည်...။ Jimin လိုတိကျတဲ့သူက ဆိုင်ပိတ်တာကို တံခါးတော့ဒီတိုင်းမထားခဲ့လောက်ဘူးမလား...။ သူခိုးဝင်နေတာလားဆိုတဲ့ခပ်ကြောင်ကြောင်အတွေးနဲ့ JK ဆိုင်ထဲ ဝင်လာလိုက်သည်...။

ဒီကလေးရဲ့ ဆိုင်ကိုသူသေချာမရောက်ဖူးပါ...။ ကလေးငယ်အများဆုံးထိုင်တဲ့ ဒီဆိုင်တောင်သူမရောက်ဖြစ်တာ ပိုင်ဆိုင်သမျှဆိုင်တိုင်းရောက်ဖြစ်ဖို့ဆိုတာဝေးစွ....။ နောက်ပိုင်းတော့ အချိန်ပေးပြီးကို လည်ပတ်ဦးမယ်...။ အဆင်ပြေရင် Food Blogger ပါလုပ်ပစ်ပါဦးမယ်...။

Park Jimin ရဲ့ဆိုင်လို့မပြောရ...Park Jimin ရဲ့အငွေ့အသက်တွေလွှမ်းခြုံလို့နေသည်...။ အပြင်အဆင်သည် အရှိန်အဝါတစ်ခုထွန်းလင်းနေသလို ရိုးရှင်းနေတာတောင် တောက်တောက်ပပ ပင်...။ ကြည့်နေရင်းမှ ကောင်တာနားသို့အရောက်တွင် ကြမ်းပြင်ပေါ်မှာခွေခွေလေးလဲကျနေသော ကိုယ်ငယ်သေးသေးလေးကို ဆွဲထွေးပွေ့ရင်း ပါးဖောင်းဖောင်းလေးကို ပုတ်နိုးနေသော်လဲ တုတ်တုတ်မှလှုပ်မလာ...။ အသံကုန်ဟစ်ပြီးကို သူအော်နှိုးနေခဲ့တာပါ...။

"Jimin....!!!!...."

မောဟိုက်စွာနိုးထလာခြင်းနဲ့အတူ JK တကိုယ်လုံး ချွေးတွေနစ်နေသည်...။ နိမ့်ချည်မြင့်ချည်ရင်ဘတ်အစုံက အသက်ရှူသံတွေပုံမှန်ထက်ပိုမိုပြင်းရှနေတယ်ဆိုတာကို ဖော်ပြနေမှန်းသိသာစေပါသည်...။ လည်ပင်းနဲ့နဖူးက ချွေးတွေကိုပို လက်နဲ့ပွတ်သုတ်လိုက်ရင်း ဘေးဘီကိုဝေ့ဝဲ ကြည့်မိလိုက်တော့ သူ့အခန်းထဲမှာပင်....။

အိပ်မက်.....။
ဒါဆို Jimin မေ့လဲနေတာကိုတွေ့တာက အိပ်မက်ပေါ့....။ သက်ပြင်းတစ်ချက်ရှိုက်ရင်း လေပူတွေကို ဟူးခနဲမှုတ်ထုတ်ပစ်လိုက်မိသည်...။ ယူဂျင်းနဲ့ နောက်ဆုံးအကြိမ်ညစာစားပြီးကာမှ ဒီလိုအိပ်မက်မျိုးမက်ခြင်းသည် JK အတွက်တော့ ရတက်မအေးစေပါ...။

🖤 The Curse 🖤 { ကျိန်စာ } [Uni+Zawgyi]//COMPLETE//Donde viven las historias. Descúbrelo ahora