Part-(3)

3.9K 457 11
                                    

Unicode

"ကျွန်တော့သဘောအတိုင်းနေခွင့်ရှိမှာလား..."

"ဒါကတော့....ယူဂျင်းအဖြစ် ဟန်ဆောင်မှာဖြစ်တဲ့အတွက် ယူဂျင်းလိုတော့ နည်းနည်းနေပေးမှဖြစ်မယ် Jimin shi...."

"ဘယ်လိုမျိုးလဲ......ဒါနဲ့ ရင်းရင်းနှီးနှီး Jimin လို့ပဲခေါ်ပါ ....တရှီရှီနဲ့က တမျိုးကြီးပဲ... ကျွန်တော်က ခင်ဗျားထက်လဲငယ်တယ်လေ...."

"ဒါဆို Jimin လဲ ကိုယ့်ကို Hyung လို့ခေါ်မှ ဖြစ်လိမ့်မယ်....."

"ရတယ်လေ.....ပြောပါဦး ယူဂျင်းလို ဘယ်လိုနေရမလဲဆိုတာ....."

Jimin ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် Min Eugene အဖြစ် ဟန်ဆောင်နေဖို့ အခု Seoul ကို ရောက်နေခြင်းပင်....။ ဖွားဖွားမသိဘူးမထင်ပါနဲ့.....။ ကျွန်တော် ဘာလုပ်လုပ် ဖွား ကို အသိပေးပီးမှ လုပ်တာပါ....။ တစ်လောကလုံးလက်ညှိုးထိုးလို့မှ ဒီမြေးအဖွားလေးနှစ်ယောက်ရှိတာ လိမ်ညာဖုံးကွယ်စရာအကြောင်းမှမရှိတာ.....။ ဖွားကမြေး စိတ်ချမ်းသာမယ်ဆို မြေးကို မထိခိုက်ဘူးဆိုရင် လုပ် ​ ဟူ၍သာပြောခဲ့သည်....။ ကျွန်တော်နဲ့ တူတဲ့သူရှိတယ်ဆိုတာကို ဖွားကိုပြောပြတော့ အ့သြခဲ့သေးတာ....။ မင်ယူဂျင်းဓာတ်ပုံထုတ်ပြတော့လဲ.....တပုံစံထဲ တရုပ်ထဲဖြစ်နေတာတောင် ငါ့မြေးက ပိုချောတာပါ လို့ ပြောသေးတယ်...။ သိပ်ကိုဘက်လိုက်တဲ့ အဖွားပါပဲ.....။

"အရင်ဦးဆုံး Jimin ဝတ်ပုံစားပုံပေါ့....။ ပီးရင် Tattoo တွေကို ဖုံးပေးထားရမယ်....ယူဂျင်းမှာက Tattoo မရှိဘူး...."

"ရပါတယ် အဲ့လောက်က....ဘယ်နေ့ဘယ်ချိန် ဘာရှိတယ်ဆိုတာသာ Hyung က ပြောပြပေး....ကျန်တဲ့အချိန်ကတော့ ကျွန်တော့ဘာသာ ဘယ်လိုနေနေပေါ့ ဟုတ်တယ်မလား...."

"ဟုတ်တာပေါ့....ရတာပေါ့...."

"ပီးတော့....Hyung အမေကို ကျွန်တော့ ကျောထောက်နောက်ခံဘယ်လိုရှိတယ်ဆိုတာကို လျို့ဝှက်ထားပေးပါ.....။ ကျွန်တော့ကို Waiter တစ်ယောက်လို့ပဲသိထားစေချင်တယ်...."

"ကောင်းပါပီ....ဒီနေ့ည Dinner ရှိတာမလို့... Jimin အိမ်ကိုလိုက်ခဲ့ပါ....Jeon Jungkook က အိမ်ကိုလဲ လာတတ်တာမလို့....Jimin အိမ်မှာ လိုက်နေမှ ဖြစ်လိမ့်မယ်....."

🖤 The Curse 🖤 { ကျိန်စာ } [Uni+Zawgyi]//COMPLETE//Opowieści tętniące życiem. Odkryj je teraz