Part-(1)

11.9K 653 8
                                    

Unicode

"ကျစ်.....!!!..."

ဒီလို Camera တဖျတ်ဖျတ်တွေကြောင့် သူ Korea မြေကို ခြေမချချင်တာ.....။ စိတ်ပျက်ညီးညူးစွာ စုတ်သတ်လိုက်ရင်း ဝေ့ဝဲကြည့်လိုက်တော့ တွေ့ရပါပီ စေ့စပ်ထားတဲ့သတို့သားလောင်းလျာလေး.....လက်ထဲမှာလဲ ပန်းစည်းကြီး တစ်စည်းကိုင်ထားသေးတာ...။ လာကြိုဆိုတဲ့ ကျွန်တော့ရဲ့ တချက်လွှတ်အမိန့်ကို မငြင်းဆန်နိုင်ဘူးထင်ပါရဲ့.....။ ငြင်းဆန်ရဲမလား....ကျွန်တော်က Jeon Corporation ရဲ့ ပထမဦးဆုံးသား....ဆက်ခံသူ အဲ့အတွက်လဲ သူတို့မက်တာ ကျွန်တော်မဟုတ်ဘူး.... ကျွန်တော်ရမဲ့ အမွေတွေကို.......။

"ကိုရီးယားမြေကို ပြန်ရောက်လာလို့ ဂုဏ်ပြုပါတယ် Jungkook shi....."

မဲ့ပြုံးလှလှလေးတစ်ချက်ပြုံးကာ လက်ထဲ ထိုးထည့်ပေးလာသော ပန်းစည်းကို ယူရင်း အနားကိုတိုးကပ်ပီး..လေသံထွက်ရုံမျှသာ ပြောလိုက်သည်

"ဟန်ဆောင်ပန်ဆောင်တွေ သိပ်မလုပ်ပါနဲ့.....ငါ့အမိန့်ကို မလွန်ဆန်နိုင်လို့ လာကြိုရတာမလား...."

"ကျွန်တော်က ခင်ဗျားရဲ့ ရုပ်သေးရုပ်လား Jungkook shi...."

"ဒါပေါ့.....မင်းက ငါ့ရဲ့ ရုပ်သေးရုပ်ပဲလေ Min Eugene (မင်ယူဂျင်း) "

Camera သမားတွေ မီဒီယာတွေသာ မရှိရင် ဒီလူကို ဆွဲထိုးပီးနေပီ.....။ မာမီကလဲ ဘာကိစ္စနဲ့များ ဒီလိုလူနဲ့ လက်ထပ်ပေးဖို့ စီစဉ်ပေးရတာလဲ....။ ပြောသာပြောရတာ သူလဲ အလိုတူခဲ့တာပဲလေ....။ ပိုင်ဆိုင်ခွင့်ရမဲ့အမွေတွေက နည်းနည်းနောနောလား.....။ Yoongi Hyung ကတော့ နဂိုထဲက နားအေးသူပီပီ ဒီလိုလက်ထပ်ပွဲဆိုတဲ့ အကြောင်းရာတွေ သိပ်စိတ်မဝင်စားပေ....။

"Jungkook shi....ပြန်လာပီဆိုတော့ လက်ထပ်ဖို့က အနှေးနဲ့အမြန် လုပ်ဖြစ်တော့မှာပေါ့...."

"Eugene shi (ယူဂျင်းရှီ) ကို အရမ်းချစ်တာပဲလား Jungkook shi....."

"JK....JK လို့ပဲခေါ်ပါ.....Jungkook shi.. ဆိုတာက ကျွန်တော့ သတို့သားလောင်းလေးပဲ ခေါ်တဲ့နာမည်မလို့ပါ.....ဟုတ်တယ်မလား Eugene (ယူဂျင်း)......"

မီဒီယာသမားတွေရဲ့ အမေးကို ဂရုမစိုက်စွာပဲ သူ့ခါးကို ဖက်ကာ ပြုံးပြုံးလေးပြောနေတာကြောင့် ယူဂျင်းတစ်ယောက် မျက်နှာမဲ့မကျသွားအောင် အတင်းထိန်းလိုက်ရသည်....။ ဒီလူကြီး တမင်တကာ လုပ်ပြောနေမှန်း သိသားပဲ....။

🖤 The Curse 🖤 { ကျိန်စာ } [Uni+Zawgyi]//COMPLETE//Opowieści tętniące życiem. Odkryj je teraz