Park-(26)

4K 509 106
                                    

Unicode








TV ဖန်သားပြင်ပေါ်က လှုပ်ရှားမှုပုံရိပ်တွေကို ကြည့်ရင်း Jimin အမြင်အာရုံတွေဝေဝါးလာခဲ့သည်...။ သိနေခဲ့တာလား...။ Jungkook shi ကလေ...သိနေခဲ့တာတဲ့လား...။ သတင်းထောက်တွေရဲ့အနီးကပ် မှတ်တမ်းတင်ထားတဲ့အရာက Seoul တရားရုံးမှာရှိတဲ့ လက်ထပ်မှတ်ပုံတင်ပင်ဖြစ်သည်...။ တံဆိပ်တုံး...တံဆိပ်တုံးက ဘယ်ကဘယ်လို Jungkook shi ဆီရောက်သွားတာလဲ...။

"Jimin-ah...တောင်းပန်ပါတယ်..."

"ဘာအတွက်လဲ..."

"ငါ...ငါ...မင်းတံဆိပ်တုံးကို CEO ကိုခိုးပေးလိုက်မိတယ်...."

"သူ...သူသိနေခဲ့တာလား ထယ်...သူသိနေခဲ့တာပေါ့....မင်ယူဂျင်းမဟုတ်ပဲ ငါမှန်းသိနေခဲ့တယ်ပေါ့..."

"ဟုတ်တယ်...မင်းတို့ ခရီးကပြန်လာပြီးတော့ သူ ငါ့ကိုလာတွေ့တယ်...."

ခရီးကပြန်ရောက်တာဆိုရင် သူတို့ ပျော်ပွဲစားဆိုပြီး ခရီးတိုလေးသွားခဲ့တုန်းကဖြစ်ဟန်တူသည်...။ မူးးမူးနဲ့ ဘာအမှားတွေလုပ်ခဲ့မိလို့ Jungkook shi က သိသွားရတာလဲ....။

Taehyung ပြောနေတာတွေကို ဘာမှမကြားတော့...။ သူ့ရဲ့ဦးတည်ချက်ခြေလှမ်းတွေက လက်ရှိမှာ Jungkook shi ဆီဦးတည်နေခဲ့တယ်ဆိုတာ သူကိုယ်တိုင်ပဲသိပါလိမ့်မည်...။ လမ်းတစ်လျှောက် ခြေလှမ်းတွေက မတည့်မှတ်ချင်...။ မယုံနိုင်ခြင်များစွာနဲ့အတူ ကျဆင်းလာတဲ့မျက်ရည်တွေက ပျော်နေတာကြောင့်လားမသဲကွဲပေမဲ့ အမြင်အာရုံတွေဟာ ဝေဝေဝါးဝါး.....။ ခံစားချက်ပေါင်းစုံဟာ ရင်ထဲမှာဗြောင်းဆန်နေသည်...။

Company ကထွက်မည့်မှန်တံခါးရဲ့ ခပ်လှမ်းလှမ်းတွင် လှမ်းလက်စ Jimin ခြေလှမ်းတွေက ကျောက်ချထားသလို ရပ်တန့်သွားသည်...။ သူ့အမြင်တွေသာမမှားဘူးဆိုရင် သူရှိရာကိုလာနေတာ အသက်ထက်ပိုချစ်ရနဲ့ ချစ်ရသူလူသားလေး Jeon Jungkook ပင်....။ စည်းချက်ကျကျခြေလှမ်းတွေနဲ့ တစ်လှမ်းချင်းလှမ်းလာနေပုံက ဘာကိုမှဂရုမစိုက်ဟန်နှင့် သြဇာအပြည့်ပင်...။

ရင်ခွင်ထဲ ပြေးဝင်လာသော ကိုယ်လုံးသေးသေးလေးကို ဆီးဖမ်းလိုက်တာ JK အင့်ခနဲတောင်ဖြစ်သွားရသည်...။ ရင်ခွင်ထဲ ပစ်ဝင်ပြီး တင်းကြပ်နေအောင်ဖက်ထားရင်းက ရင်ဘတ်မှာ မျက်နှာအပ်ပြီး တသိမ့်သိမ့်တုန်ယင်နေပုံသည် ငိုနေမှန်း JK အတပ်သိပါသည်...။ ကျောပြင်သေးသေးလေးကို ဖက်ထားရင်းမှ ခပ်ဖွဖွလေးပုတ်ကာ ကိုယ်တိုင်လဲဘာစကားမှမဆိုမိ....။

🖤 The Curse 🖤 { ကျိန်စာ } [Uni+Zawgyi]//COMPLETE//Dove le storie prendono vita. Scoprilo ora