Part-(24)

3.8K 628 57
                                    


Unicode

"ဘာပြောတယ် Jeon ကတော်...Jungkook နဲ့ ယူဂျင်းကို ကွာရှင်းခိုင်းမယ်ဟုတ်လား...."

"အစကထဲက Jeon လေးလက်ထပ်ခဲ့တာ ယူဂျင်းမဟုတ်ဘူးဆိုတာ ရှင်က ကျွန်မထက်ပိုသိတယ်မဟုတ်လား..."

Mrs.Min လက်သီးကိုတင်းတင်းဆုပ်လိုက်သည်..။ ဖြစ်မဲ့ဖြစ်တော့လဲ အားလုံးဟာ ကမောက်ကမ...။ Company ကလဲ Yoongi သတိရလာမှ ဘယ်လိုဆက်လုပ်ရမလဲ ဆုံးဖြတ်ရမှာပင်...။ အခုက Park Group က ဒုတိယ CEO ဖြစ်တဲ့ Kim Seok Jin က လက်ရှိလုပ်ပိုင်ခွင့်တွေကိုထိန်းသိမ်းထားတာဖြစ်သည်...။ Min Group ကို Park Group က လူက လက်ဝါးကြီးလာအုပ်တာကို လက်မခံချင်သော်လဲ မတတ်သာတဲ့အဆုံး သူမမှာ လက်ပိုက်ထိုင်ကြည့်နေရတဲ့အဖြစ်...။

"ကျွန်မတို့ဘက်က နစ်နာကြေးနဲ့ ကွာရှင်းစာချုပ်ကို ပို့လိုက်မှာမို့...အခုတော့ ဒီလောက်နဲ့ပဲ...."

"မပြန်ခင် ဒါလေးနားထောင်သွားသင့်တယ်ထင်တယ်...သိပ်ကိုစိတ်ဝင်စားစရာကောင်းတယ်..."

* ယူဂျင်းလေး....သေချာနားထောင်နော်....*

ဒါ...ဒါ...မေမေ့အသံမဟုတ်လား...။ ထ ထွက်သွားဖို့ လုပ်ရင်းကနေ ဖုန်းထဲကထွက်လာတဲ့ အသံကြောင့်...ပြန်ထိုင်နေလိုက်ရသည်...။

* အမွေဆက်ခံသူနဲ့လက်ထပ်တဲ့ ပထမအမျိုးသမီးဟာ သေဆုံးရတယ်ဆိုတဲ့ JEON အိမ်တော်ရဲ့ ကျိန်စာဟာ တကယ်မဟုတ်ဘူး...ယူဂျင်း...*

မေမေက မောနေတဲ့ပုံပဲ...သက်ပြင်းချသံခပ်သဲ့သဲ့ကိုပါ သူမကြားနေရတယ်...။

* အဲ့ဒါက ကောလဟလဆိုတာကို Jeon လေးတို့ အဖေရဲ့ပထမမိန်းမရဲ့ ဒိုင်ယာရီကနေ ဖွားဖွားသိခဲ့ရတယ်...။ JEON အိမ်တော်က ဟယ်ဘင်းနဲ့လက်ထပ်ပေးပီး မဂ်လာဦးညမှာ ဟယ်ဘင်းသေခဲ့ရင် ဖွားဖွားရဲ့သမီးနဲ့ လက်ထပ်ပေးမယ်လို့ သူတို့က ကတိပေးခဲ့တယ်....။ ဒါပေမဲ့ ဟယ်ဘင်းကမသေခဲ့ဘူး...တကယ်လို့မင်းရဲ့အချစ်တွေကသာ စစ်မှန်နေခဲ့ရင် ပီးတော့...မင်းကိုယ်မင်းသာ ကာကွယ်နိုင်ရင် မင်းဟာ မသေပါဘူးလို့ ဟယ်ဘင်းရဲ့ ဒိုင်ယာရီထဲမှာ ရေးထားခဲ့တယ်....အဟွတ်...အဟွတ်...*

ဒါအရင်တစ်ခါ Jeon လေးနဲ့ယူဂျင်းကို ခေါ်တွေ့တုန်းကပြောပြခဲ့တာတွေထင်တယ်....။

🖤 The Curse 🖤 { ကျိန်စာ } [Uni+Zawgyi]//COMPLETE//Nơi câu chuyện tồn tại. Hãy khám phá bây giờ