Part-(14)

3.5K 477 53
                                    

Unicode







"ခွင့်ပြုပေးပါ အမေ..."

"ခွင့်ပြုပေးလိုက်လို့... ငါတို့ ..ငါတို့ ယူဂျင်းသာတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ..."

ယူဂျင်းမာမီရဲ့ တုန်ယင်နေသောစိတ်ပူသံကို JK အပြည့်အဝ နားလည်ပါသည်....။ ကောလဟလဖြစ်စေ တကယ်ဖြစ်စေ မိဘတိုင်းကတော့ သားသမီးကို ဆုံးရှုံးရမှာကြောက်တာပဲမဟုတ်လား...။ သုံးရက်မကစဥ်းစားပီးတဲ့အခါ ကိုယ်တိုင်လဲ ဖြစ်မလာသေးတာကို တွေးလို့ကြောက်မနေချင်တော့...။ ရင်ဆိုင်လိုက်ချင်သည်...။

"ကျွန်တော်အကောင်းဆုံးကာကွယ်ပေးနိုင်မယ်လို့ အာမ မခံနိုင်ပေမဲ့ ကျွန်တော်ရှိနေသရွေ့ ယူဂျင်းဘာမှမဖြစ်စေရဘူးလို့ ကတိပေးပါတယ်...."

"ယူဂျင်းမှာ အမှားအယွင်းတစ်ခုခုဖြစ်သွားပီးရင် မင်းမိဘတွေက နောက်အိမ်ထောင်အတင်းပြုခိုင်းမှာပဲမလား....အဲ့လိုဆို ငါက သားလဲဆုံးရှုံး သားမက်လဲဆုံးရှုံးဖြစ်မှာပေါ့...မရူးစမ်းပါနဲ့ Jungkook ရယ်..."

Mrs.Min သည် အသဲအသန်ငြင်းသည်...။ ဘယ်လိုလုပ်ခွင့်ပြုရမည်နည်း...။ မဖြစ်နိုင်ပါ သားငယ်ကအသက် သားငယ်ကဘဝမို့ ဒီလိုခွင့်ပြုလိုက်ဖို့ ဘယ်လိုမှမဖြစ်နိုင်....။

ယူဂျင်းအိမ်အပေါ်ထပ်အကွယ်လေးကနေ မာမီနဲ့ Jungkook shi ပြောနေတာကို ချောင်းနားထောင်နေမိသည်...။ မာမီခွင့်ပြုမှာလား...။

"ကျွန်တော့ဘက်က အနူးအညွှတ်ကို တောင်းဆိုတာပါ အမေ..."

ပြောရင်း ဆိုဖာပေါ်မှာထိုင်နေရာမှ ကြမ်းပြင်ပေါ် JK ဒူးထောက်ချလိုက်သည်...။ အဆုံးစွန်ဆုံးတောင်းဆိုမှုရယ်ပါ...။ ဒူးထောက်ခြင်းဆိုတာဘာမှန်းမသိခဲ့တဲ့ဘဝမှာနေလာခဲ့ပေမဲ့ ချစ်ရသူအတွက် သူဒူးထောက်တောင်းဆိုလိုက်ပီ....။

Mrs.Min တစ်ယောက် ခါးလေးမတ်ခနဲဖြစ်သွားရသည်....။ ဒူးထောက်တောင်းဆိုတဲ့အထိ မထင်ထားခဲ့....။

အခု Jungkook shi က မာမီ့ကိုဒူးထောက်တောင်းဆိုလိုက်တာလား...။ ယူဂျင်းတကိုယ်လုံးရှိသွေးတွေ ပြောင်းပြန်စီးဆင်းသွားသလိုတောင်ထင်မိသည်....။

🖤 The Curse 🖤 { ကျိန်စာ } [Uni+Zawgyi]//COMPLETE//Where stories live. Discover now