Part-(29)

2.8K 358 21
                                    


Unicode

(ယခုအပိုင်းသည် Drama ထဲမှ အပိုင်းအစတစ်ချို့နှင့် စာရေးသူ၏ စိတ်ကူးယဥ်သက်သက်မျှသာဖြစ်သောကြောင့် ထိုခေတ်အခါကနှင့်မကိုက်ညီသော အနေအထားများရှိခဲ့ပါက နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်...။)

မြူတွေကြားကနေ ဆတ်ခနဲလှည့်လာသော ခေါင်းတွင် မျက်ဆံသည် ကြောင်မျက်လုံးလို ကျဥ်းကျဥ်းရှည်ရှည်လေး...။ လေထဲတွင် ဆံနွယ်ရှည်တွေတလွှင့်လွှင့်နဲ့က ကိုင်းပင်ရှည်ကြားထဲတွင် ဝဲပျံနေသည်...။ သူမဘာတွေမြင်နေရတာလဲ...။

"ငါက....မင်းနဲ့ ထိပ်တိုက်တွေ့ရမဲ့ ဒီလိုရက်မျိုးကို နှစ်ပေါင်းရာနဲ့ချီပြီး စောင့်နေခဲ့ရတာ...."

လှိုင်သံပါနေတဲ့ အသံတစ်ချို့နဲ့အတူ ဝုန်းခနဲ အနားကိုရောက်ချလာသော အဖြူရောင် Hanboke နဲ့အမျိုးသမီးသည် ရောက်သာရောက်လာတာ လမ်းလျှောက်လာခြင်းမျိုးအလျဉ်းမရှိ...။ သူမဘာတွေမြင်တွေ့နေရတာလဲ...။

"ရှင်..ရှင်က ဘယ်သူလဲ...."

အထိတ်ထိတ်အလန့်လန့်နဲ့မေးသောအခါ ထိုအမျိုးသမီးရဲ့ တည်တင်းနေသော နှုတ်ခမ်းထက် အပြုံးမမည်သော အပြုံးတစ်ခုဖြစ်ထွန်းလာကာ....

"နှစ်တွေအများကြီး လွန်လာလဲ မင်းက အရင်တုန်းကအတိုင်းပဲ..."

"ဘာတွေလာပြောနေတာလဲ...ရှင့်ကိုကျွန်မ မသိဘူး...!!!..."

"ငါက.....ပြောပြရမလား....."

ပြောရင်းဆိုရင်းကနေ ချက်ချင်း လက်ကိုဆွဲကာ ပြေးသော အမျိုးသမီးရဲ့ဦးတည်ရာသည်...မြက်ပင်ရှည်တွေရဲ့ အဆုံးသတ်... ချောက်ကမ်းပါးအောက်ဖြစ်နေသည်...။ အတင်းရုန်းကန်ငြင်းဆန်သော်လဲ မရ...။ ချောက်ကမ်းပါးအောက်လေဟာနယ်ထဲမှာ ထိုအဖြူရောင် Hanboke ဝတ်အမျိုးသမီးရော...သူမရောဟာ တလွင့်လွင့်...။ ကြောက်ရွံ့မှုစိတ်အစဥ်ကြောင့် မျက်စိစုံမှိတ်လိုက်စဥ် သူမနားထဲတွင် အသံမျိုးစုံတို့ကြားယောင်လာကာ စုံမှိတ်ထားသော မျက်ဝန်းထဲတွင် လူတစ်ချို့သွားလာလှုပ်ရှားနေမှုတွေ...စက်ဘီးစီးနေကြသော အနောက်တိုင်းဝတ်စုံဝတ်ကိုရီးယားအမျိုးသားများနှင့် ရိုးရာမပျက် Hanboke ဝတ်အမျိုးသမီးတွေက လူးလာခေါက်တုံ့သွားလာနေမှုတွေသည် အခုလက်ရှိဖြစ်နေသလိုခံစားရစေသည်...။ ထို့နောက်...အနည်းငယ်ရှေးဆန်နေသော ကိုရီးယားရိုးရာအိမ်တစ်လုံး...။

🖤 The Curse 🖤 { ကျိန်စာ } [Uni+Zawgyi]//COMPLETE//Opowieści tętniące życiem. Odkryj je teraz