Part-(2)

4.3K 489 13
                                    

Unicode

သုံးပတ်....။ Jimin ဘူဆန်ပြန်ရောက်တာ သုံးပတ်ရှိပီ....။ Restaurant အသစ်ဖွင့်ဖို့ ဖွားဖွားနဲ့ တိုင်ပင်ကာ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ Seoul မှာ ဖွင့်ရန်ပင်.....။

"ဖွားရေ.....သား ပစ္စည်းသွားပို့လိုက်ဦးမယ်....."

"မြေးရယ်....ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးနေပါဆိုတာကို...."

"သူဌေးမကြီး မြေးက ဘာမှလဲ မလုပ်ဘူးဆိုတဲ့ အသံတွေ မကြားနိုင်ပါဘူးနော်....ဟွန့်...."

မြေးဖြစ်သူ အပြောကို ပြုံးပြုံးကြီး နားထောင်နေတဲ့ ကောင်တာထဲက သူဌေးမကြီးသည် Jimin ကို မိတဆိုးဖတဆိုးလေးမို့ တော်တော့ကို ချစ်သည့်ပုံပင်....။ ဒါ့ကြောင့်လဲ Jimin မပူဆာခင်ကထဲက လက်ညှိုးညွှန်ရာ ရေရော လေရော ဖြစ်အောင် ဖန်တီးပေးခဲ့သည်....။ အလိုလိုက်အကြိုက်ဆောင်ခဲ့သော်လဲ မြေးလေးသည် ဘဝင်မကိုင် မာနမကြီး ဆိုင်ခွဲတိုင်းက အလုပ်သမားတွေကိုလဲ တန်းတူအခွင့်အရေးပေးတတ်သလို.....စက်ရုံဘက်ကဝန်ထမ်းတွေအတွက်လဲ လစ်ဟင်းမှုမရှိစေရပါ....။လုပ်ငန်းတစ်ခုမှာ အဓိကကျတာ ဝန်ထမ်းတွေပဲ ဟု ဆိုကာ ဝန်ထမ်းတွေကိုပျော်အောင်ထားသည်....။ နှစ်ကုန်ပါတီတွေလဲ ကျင်းပပေးတတ်သလို ဆိုင်တွေကိုပိတ် စက်ရုံတွေပါပိတ်ကာ ခရီးတွေလဲ ပို့ပေးတတ်သေးသည်....။ဒါ့ကြောင့် ဝန်ထမ်းတိုင်းက မြေးဖြစ်သူကိုချစ်ကြသလို....လုပ်ငန်းဆိုရင်လဲ မျက်နှာလွှဲရလောက်တဲ့အထိ စိတ်ချရပါသည်.....။ မြေးလေး စီမံခန့်ခွဲ့မှ Mochi စားသောက်ကုန်သည် မိမိဦးစီးတုန်းကထက် ပိုနာမည်ရလာကာ စက်ရုံတွေတိုးသလို ပြင်ပထိပါ ပေါက်ရောက်ခဲ့သည်....။ မြေးလေးကြောင့် Baby Mochi ဆိုတဲ့ Restaurant တွေသည်လဲ တနိုင်ငံလုံးအနှံ့ရှိကာ ဆိုင်ခွဲတွေ အများကြီးတိုးပွားလာတာကြောင့် တစ်မြို့ကို ကိုယ်စားလှယ်တစ်ယောက်ခန့်ရသည်အထိပင်....။

"ဖွားရေ....သားသွားပီနော်....အပြန်နောက်ကျမယ်...ကမ်းခြေဘေး ခနထိုင်ဦးမှာမလို့...."

"အရမ်းကြီးလဲ နောက်မကျနဲ့ဦးနော်...."

အဖွားဖြစ်သူရဲ့ အမှာစကားကို လက်တစ်ဖက်နောက်ပြန်ပြကာ ဆိုင်ကယ်လေးကို မောင်းရင်းထွက်လာခဲ့သည်......။ Jimin ပုံစံကို အခုနေကြည့်ရင် Mochi စားသောက်ကုန်ထုတ်လုပ်ရေးပိုင်ရှင် သူဌေးမကြီး မြေးလို့ ထင်ရက်စရာတကွက်မှမရှိပေ....။ Mochi ဆိုတဲ့ တံဆိပ်လေးပါတဲ့ လျှာထိုးဦးထုပ်လေးကိုဆောင်းကာ ဝတ်ထားတာကလဲ ဆိုင်က အလုပ်သမားတွေလို အပေါ်က ရှပ်လက်တို အဝါနဲ့ ဘောင်းဘီ အနက်ရောင်ကိုတွဲဝတ်ထားတာပင်....။

🖤 The Curse 🖤 { ကျိန်စာ } [Uni+Zawgyi]//COMPLETE//Onde histórias criam vida. Descubra agora