Part-(31)

3.1K 355 11
                                    

Unicode


ရုပ်ရှင်အနှေးပြကွက်တွေလို မျက်လုံးထဲပေါ်လာတဲ့ ပုံရိပ်တွေအကုန်ရပ်တန့်သွားတဲ့အခါ...သူမမျက်လုံးတွေကိုမရဲတရဲဖွင့်ကြည့်မိတော့ သူမရပ်နေတာက Jimin တို့ဆိုင်ရဲ့ ဘေးလမ်းကြားထဲမှာတင်....။

ဟင့်အင်း ...
မဟုတ်ဘူး...အိပ်ရေးတွေပျက်လို့အမြင်မှားတာနေမှာ...။ ဒါမျိုးကဖြစ်မှမဖြစ်နိူင်တာ....။ ကယောင်ခြောက်ခြားနဲ့ Mrs.Min ဟာ အိမ်ကိုအပြေးပြန်သွားခဲ့ပါတယ်....။ အရိပ်ဖြူလေးကတော့ ပြုံးရယ်ခြင်းလို့သတ်မှတ်လို့မရတဲ့ အပြုံးမျိုးနှင့် ပြေးထွက်သွားတဲ့ Mrs.Min ကိုတစိုက်မတ်မတ်ကြည့်နေတော့သည်...။ သူမရင်ထဲစိုက်ဝင်ခဲ့ဖူးတဲ့ စူးတစ်ချောင်းအားဆွဲနှုတ်ချေဖျက်လိုက်နိုင်ပြီလားဆိုတာကတော့ အရိပ်ဖြူလေးကလွဲဘယ်သူကသိနိူင်ပါ့မလဲ...။

-----------------------------

"ဖွားဖွား...."

"မြေးရယ်....မသေကောင်းမပျောက်ကောင်း..."

ဆေးရုံကုတင်ပေါ်မယ်ယဲ့ယဲ့လေးမှီထိုင်ရင်း Jimin စိတ်မကောင်း....။ ဖွားက သူ့လက်လေးကိုခပ်ဖွဖွလေးဆုပ်ကိုင်ကာ မျက်ရည်လေးလည်တည်တည်...။ တစ်လောကလုံးမှာပြေးကြည့်မှ သွေးသားရင်းဆို ဒီအဖွားတစ်ယောက်ထဲရှိတာကို တစ်ဦးတည်းသောအမွေဆက်ခံသူမြေးက ပစ်ထားမိလေခြင်း....။

"မြေးတို့လူငယ်တွေအချစ်ကို ဘာမှမပြောလိုပေမဲ့.... အရမ်းအန္တရာယ်များနေပီလို့မထင်ဘူးလားကွယ်....မြေးကိုဆုံးရှုံးလိုက်ရရင်ဆိုတဲ့အတွေးတွေနဲ့ ညတိုင်းလုံးထွေးသတ်ပုတ်နေရတဲ့ ဒီအဖွားကြီးကိုမသနားတော့ဘူးလား...."

"သားတောင်းပန်ပါတယ်...."

"သားတောင်းပန်တာကိုမလိုချင်ပါဘူးကွယ်...အခုဖြစ်နေတဲ့အရှုပ်ထွေးတွေကနေ ခဏလောက်ရုန်းထွက်ပေးပါလား..."

"ဖွားဖွား...!!!!..."

တစ်ဦးတည်းသောအဖွားရဲ့ စကားအဆုံး အလန့်တကြား Jimin မော့ကြည့်မိသည်...။ ဖှားဖှားဆိုလိုတဲ့အဓိပ်ပါယျကို Jimin ကောင်းကောင်းသိပါသည်....။ ကိုယ်တိုင်အလုပ်မလုပ်လဲ ဆယ်သက်စားမကုန်တဲ့စည်းစိမ်ရှိပြီးသားမို့ လတ်တလောဖြစ်နေတဲ့ Jungkook shi ရယ် Eugene ရယ် သူရယ်ကြားက သုံးပွင့်ဆိုင်ဇာတ်လမ်းမှာ ကိုယ်ကဖြတ်ခုတ် လုယူသူဖြစ်နေတာမို့ လမ်းထွက်ရင်တောင် ဘယ်ချိန်ဘယ်လို ကိုရီးယားပြည်သူလုထုရဲ့ ကြက်ဥနဲ့ပေါက်ခံရမလဲမသိနိုင်သေးတာမို့...အခြေနေငြိမ်တဲ့အထိတနေရာရာမှာသွားနေစေချင်ပုံပါပဲ....။ အခုလို Mrs.Min ရဲ့ ကိုယ်ထိလက်ရောက်အန္တရာယ်ပြုပုံကြောင့် ဆေးရုံပေါ်လဲနေရတဲ့အခါ တစ်ဦးတည်းသောမြေးလေးကို တကယ်များဆုံးရှုံးရရင်ဆိုတဲ့အတွေးက ဖွားဖွားကို Shock အကြီးကြီးရစေခဲ့တယ်ထင်တယ်...။

🖤 The Curse 🖤 { ကျိန်စာ } [Uni+Zawgyi]//COMPLETE//Où les histoires vivent. Découvrez maintenant