Part-(20)

3.3K 538 24
                                    


Unicode


"Yoongi Hyung....!!!!...."

လောကကြီးနဲ့အဆက်သွယ်ပြန်ရရခြင်း Jimin နှုတ်မှအလန့်တကြားရေရွတ်မိသော အမည်နာမသည် မိမိကိုဝင်ကာကွယ်ပေး၍ မိမိကြောင့် ဒဏ်ရာရသွားသော Yoongi Hyung နာမည်...။ အစ်ကိုအရင်းတစ်ယောက်လို ခင်တွယ်ခဲ့ရသူမဟုတ်လား...။

"Jimin....Jimin...သတိရလာပီလား...."

အသိစိတ်ကပ်လာသောအချိန်တွင် မြင်ရသည်က Taehyung...။ Taehyung မျက်နှာသည် စိုးရိမ်မှုတို့အပြည့်.... ။ Jimin ကြည့်နေရင်းကနေ အတင်းထ ထိုင်တော့ Taehyung က ကူထိန်းပေးသည်...။ Jimin လဲ ဆေးတွေသွင်းထားရတာကြောင့် လက်မှာ ပိုက်တန်းလန်းနဲ့...။

"Yoongi Hyung ရော..ယောင်း...ဘယ်..ဘယ်မှာလဲ ..??.."

နိုးနိုးချင်းမေးလာတဲ့ Jimin အမေးကို Taehyung ဘာပြန်ဖြေရမှန်းမသိပေ...။ ခုထိ Yoongi Hyung က ခွဲခန်းထဲကနေမထွက်ရသေး...အသက်လုနေသည်တဲ့လေ....။ Jimin ကလဲ နှစ်နာရီကျော်ကျော်လောက်သတိလစ်သွားတာကြောင့် Tae က Jimin ကိုစောင့်နေပေးကာ Jin Hyung နဲ့ Namjoon Hyung ​က ခွဲခန်းရှေ့စောင့်နေကြသည်...။

"ငါမေးနေတယ်လေ...Yoongi Hyung ရောလို့..."

"ခဏ....ခဏလေး... ..အရင်ဆုံး...ငါ Duty ကျတဲ့ Round လှည့်မဲ့ ဆရာဝန်ကိုသွားခေါ်လိုက်ဦးမယ်...မင်းလဲ ဒဏ်ရာတွေမနည်းဘူး Jimin..."

ခလုတ်တစ်ချက်နှိပ်ရုံနဲ့တောင် ဆေးရုံအုပ်ထိဒရောသောပါးပြေးလာရမဲ့ VVIP ကို စကားလမ်းကြောင်းလွှဲချင်ဇောနဲ့ ကယောင်ကတမ်း​ပြေးထွက်ဖို့ပြင်နေတဲ့ ထယ့်လက်ကို Jimin က ဆတ်ခနဲဆွဲရင်း....

"ငါမေးတာကိုအရင်ဖြေ...!!!...အခုဖြေ...ခုချက်ချင်း....!!.."

ထယ်တစ်ယောက် မျက်နှာအပျက်ပျက်နဲ့...

"..အခု...အခုထိ ခွဲခန်းထဲမယ်ပဲရှိသေးတယ် Jimin..."

"အခုထိ....ဘယ်လောက်ကြာသွားပီလဲ..."

"နှစ်နာရီခွဲလောက်...."

ဆေးပိုက်တန်းလန်းနဲ့ Jimin ထိုင်မနေနိုင်....။ ဘာ Round လှည့်မဲ့ဆရာဝန်ကိုမှမစောင့်နိူင်...။ ပိုက်တွေကို ဆွဲဖြုတ်ကာ ကုတင်ပေါ်က ဆင်းပြေးတော့ Tae ကပါ နောက်ကနေ ကသောကမျှော ပြေးလိုက်လာသည်...။

🖤 The Curse 🖤 { ကျိန်စာ } [Uni+Zawgyi]//COMPLETE//Donde viven las historias. Descúbrelo ahora