Part_(11)

3.5K 468 44
                                    

Unicode

At Seoul,

"ရှင် အခုထက်ထိ ဒီသီချင်းကိုနားထောင်နေတုန်းလား...."

Jeon ကတော်သည် ပြောပြောဆိုဆို Jeon သခင်ကြီး ဖွင့်ထားသော လွန်ခဲ့တဲ့ အနှစ်လေးဆယ်ကျော်လောက်က ဓာတ်ပြားဟောင်းကို ဆွဲလှည့်ပစ်သည်....။ မမေ့နိုင်သေးဘူးလား....။ ထပ်ကာထပ်ကာ ဒီသီချင်းကိုပဲ နားထောင်နေတော့မှာလား....။

"..ရှင်မ......"

"မေ့ပစ်ပေးပါတော့...ကျေးဇူးပြုပီး...ခုချိန်ထိ ရှင့်ဘေးနားရှိလာတာ ကျွန်မ ဆွန်းမြောင်ဟီးပါ...အားနာစိတ်လေးများမဖြစ်မိဘူးလား...ပီးတော့သူက သေသွားပီသားလူတစ်ဦးပါ..."

Jeon သခင်ကြီးသည် သက်ပြင်းကိုခပ်ဖွဖွချသည်....။ အချစ်ဦးအချစ်ဆုံးကို ဒီတသက်တော့ သေသည်အထိ မေ့နိုင်လိမ့်မည်မဟုတ်....။ ဇနီးဖြစ်သူကို ကြည့်ရင်း ဘာမှလဲပြန်မပြောနိုင်ခဲ့...။ ဆွန်းမြောင်ဟီးဆိုသော လက်ရှိဇနီးသည် ဒုတိယမြောက်လက်ထပ်ခဲ့သော အမျိုးသမီး...။ လွန်ခဲ့သော အနှစ်လေးဆယ်ခန့်က Jeon သခင်ကြီးသည်လဲ အချစ်ကိုဦးစားပေးသူတစ်ဦးဖြစ်ခဲ့သည်....။ ကျိန်စာဆိုတာကို မယုံကြည်ခဲ့...။အချစ်စစ်ရင် ပေါင်းဖက်ရလိမ့်မည်ဟု တရားသေယုံကြည်မှတ်ယူခဲ့သည်....။ သို့သော်...သို့သော်....

"တောင်းပန်ပါတယ်....ရှင်မ...."

သိပ်သဘောကျခဲ့သူမလို့ ဒုတိယနေရာဖြစ်စေကာမူ လက်ခံခဲ့သော်လဲ ဒီယောက်ျားသည် တသက်လုံးများ သေဆုံးပီးသား မိန်းမတစ်ဦးကို ရင်ထဲ ထည့်ထားတော့မည်လားမသိ....။ ဘယ်တုန်းကမှ နှစ်လိုဖွယ်ရာအပြုအမူမျိုးကို စိတ်လိုလက်ရပေးတာမျိုးမရခဲ့ဖူး...။ စိတ်ပျက်စွာပဲ လှည့်ထွက်လာမိတော့သည်...။

"အိမ်တော်ထိန်းကြီး...ကျွန်မကြားဖူးတာလေ...အိမ်တော်က ကျိန်စာမိနေတာဆို..."

လှုပ်ရှားနေသော အိမ်တော်ထိန်းအမျိုးသမီးကြီး၏ လက်အစုံသည် ရပ်တန့်သွားခဲ့သည်...။ ငယ်ရွယ်တဲ့အစေခံလေးတွေအကုန်လုံးက အိမ်တော်ထိန်းကြီးပြန်ဖြေလာမဲ့အဖြေကို နားစွင့်နေကြဟန်....။

"ညည်းဘယ်တွေလျှောက်ပြောမိသေးလဲ....".

"အို...ကျွန်မ မပြောမိပါဘူး...ဒါကလဲ စျေးသွားရင်းကြားလာမိလို့ မေးကြည့်တာ..."

🖤 The Curse 🖤 { ကျိန်စာ } [Uni+Zawgyi]//COMPLETE//Where stories live. Discover now