Part-(4)

3.6K 485 32
                                    

Unicode

သူဒီရက်ပိုင်း Tae နဲ့လဲ မတွေ့ဖြစ်ပါ....။Tae သိရင်လဲ သူ့ကို မိုးမွှန်နေအောင်ဆဲမှာ အသေအချာပင်.....။

"Jimin ah....အဝတ်စားလဲပီးရင် ဆင်းလာတော့နော်....Hyung အောက်မှာ စောင့်နေမယ်...."

"Nae.... Hyung....."

ဒီနေ့က Jeon Jungkook တို့ရဲ့ ဘိုးဘွား ကန်တော့ပွဲပင်....။ ဘာမှသိပ်ပီး ထွေထွေထူးထူးမဖြစ်ပါစေနဲ့လို့လဲ ဆုတောင်းနေရသည်.....။ အမှားမဖြစ်အောင် သေချာပြင်ဆင်ထားရသည်...။ ဘိုးဘွားကန်တော့ပွဲဖြစ်တာကြောင့် အပေါ်က ရှပ်လက်ရှည် အသားပျော့ပျော့လေးကို ဂျင်းစတိုင်လ်ပန် အနက်နဲ့ တွဲဝတ်လိုက်သည်....။ ဆံပင်တွေကို မင်ယူဂျင်းပုံစံ Black Colour ချိန်းထားတာကြောင့် သူ့ပုံစံသည် ရင့်ကျက်သည့် အသွင်ဆောင်နေသည်....။ သူ့လိုလွပ်လွပ်လပ်လပ် နေတတ်သူအဖို့ ဒီအ​ပြင်အဆင်သည် စိတ်မွန်းကြပ်လှပါသည်.......။

"Jimin ah....ဒီနေ့က Hyung တို့ မပါတော့ နည်းနည်းတော့ ခက်ခဲမယ်ထင်တယ်....."

"ကျွန်တော် အမှားမရှိအောင် ကြိုးစားမှာပါ Hyung...ပီးတော့ သေချာလဲ ကျက်ထားပါတယ်...."

"Jungkook အဘွားကတော့ လူကြီးရောဂါဖြစ်နေတာဆိုတော့....Jimin နည်းနည်းတော့ ဒုက္ခရောက်လိမ့်မယ်....."

"အဆင်ပြေပါတယ်.....ကျွန်တော် အဆင်ပြေအောင် နေလိုက်ပါ့မယ်....."

Yoongi Hyung စိတ်ချစေရန် Jimin ကတိတွေပေးနေမိသည်....။ သူအမှားလုပ်ရင် Yoongi Hyung ကိုပဲ အန်တီက မဲပီးဆူတတ်တာမို့....။

"ရောက်ပီ Jimin....Fighting....Hyung စိတ်ချမယ်နော်....."

ဒီစကားဟာ အလိမ်ပေါ်မှာစိုးလို့ ပြောခြင်းမဟုတ်ပါ.....။ Jimin ကို သူ့ညီလေးလိုပဲ တကယ်ချစ်ပီး တကယ်စိတ်ပူလို့သာပင်.....။

"Fighting....!!!.."

လက်သီးလေးနှစ်ဖက်ဆုပ်ကာ Fighting ပြောပီး Jeon အိမ်တော်ထဲဝင်သွားတဲ့ ကျောပြင်သေးသေးလေးကို ကြည့်ရင်း Yoongi မသိမသာလေး သက်ပြင်းချလိုက်မိသည်.....။ အပြန်ကို Jungkook ပြန်လိုက်ပို့မည်ဆိုသောကြောင့် သူအထူးတလည်စိတ်ပူနေစရာတော့မလိုအပ်ပါ....။ယခုသူလုပ်ရမှာက ယူဂျင်းကိုရှာဖို့ပင်.....။ အပုန်းကောင်းလှချည်လား မင်ယူဂျင်းရယ်.....။

🖤 The Curse 🖤 { ကျိန်စာ } [Uni+Zawgyi]//COMPLETE//Où les histoires vivent. Découvrez maintenant