Part_(18)

3.3K 526 29
                                    

Unicode


တစ်လှမ်း....

နှစ်လှမ်း....

သုံးလှမ်း....

ခြေလှမ်းရပ်တန့်လိုက်တဲ့အခါ ကျောက်ကမ်းပါးစွန်းကို လုံးဝရောက်နေပီ...။ ရှေ့ကိုများ ယောင်မှားပီး ခြေလှမ်းလေးတစ်လှမ်းသာဆက်လှမ်းလိုက်ပါက ချောက်နက်နက်ထဲ ပြုတ်ကျရုံသာရှိတော့သည်...။ နေရောင်ပျပျလေးထွက်လာချိန်မှာတော့ Jimin အသိစိတ်လေးဝင်လာသလိုလိုရှိကာ ဘေးကို စောင်းငဲ့ကြည့်ရင်း မြင်နေရတဲ့ အဖြူရောင်အရိပ်လေးကို ပြုံးပြလိုက်သည်...။

"အခုက စ ပီး မင်းကိုယ်မင်းကာကွယ်ပါ..."

"..........."

"မင်းအသက်ကိုလိုချင်တာ ငါကမဟုတ်ပဲ...မင်းအနားမှာရှိတဲ့သူတွေကလိုချင်တာ..."

".........."

"ဒါ့ကြောင့် မင်းကိုယ်မင်း ရအောင်ကာကွယ်ပါ..."

အဖြူရောင်အရိပ်လေးသည် သတိပေးစကားတစ်ချို့ကိုပြောပီး တရွေ့ရွေ့ပြန်လည်ထွက်ခွာသွားခဲ့သော်လဲ Jimin သည် လက်ရှိရောက်နေတဲ့နေရာကနေ တစ်လှမ်းမှနောက်မဆုတ်ရသေး....။

Jimin သိခဲ့ပါသည်....။
JEON အိမ်တော်ကလူတွေရော အပြင်လူတွေပါ ယုံကြည်နေကြတဲ့ JEON အိမ်တော်ရဲ့ ကျိန်စာဟာ တကယ်မရှိဘူးဆိုတာ....။ ဒီလက်ထပ်ပွဲကို အသေအချာစီမံပြုလုပ်ရင်တောင် သေဆုံးခြင်းတရားဟာ ကိုယ့်ဆီကိုမဆိုက်ရောက်ဘူးဆိုတာ...Jimin သိနေခဲ့ပါသည်....။

ဒါ့ကြောင့်လဲ မင်ယူဂျင်းအမေနဲ့ စကားပြောဆိုခဲ့တာပေါ့...။ ချည်ပီးတုပ်ပီး....။

လက်မထပ်ခင် တစ်ညအလို.....

လမ်းတစ်လျှောက်ထွန်းထားတဲ့ လမ်းမီးတိုင်များထဲမှ Jimin ရပ်နေရာ နေရာအနီးတဝိုက်တွင်သာ မီးပန်းတွေဖြာထွက်ပီး Shock ဖြစ်သလိုဖြစ်နေသည်...။ တဖြေးဖြေးပြောင်းလဲလာသော အမျိုးသမီးရဲ့ပုံရိပ်ကိုမြင်ပီး Jimin မယုံနိုင်ခဲ့...။ လူတစ်ယောက်က အဲ့လိုပြောင်းလဲလို့ရသလား....။

လေတွေသည် ပိုမိုတိုက်ခတ်လာတာမို့ နဂိုချမ်းအေးခြင်းထက်ပိုအေးလာခဲ့သည်မှာ ခြေဖျားလက်ဖျားတွေအေးစက်တဲ့အထိ...။ နားရွက်ဖျားတွေအေးစက်ပီး နှုတ်ခမ်းသားတို့တဆတ်ဆတ်တုန်တဲ့အထိ...။ Jimin မျက်ဝန်းအစုံသည် ပြူးကျယ်ဝိုင်းစက်နေကာ ရှေ့က ပြောင်းလဲသွားသူကိုသာကြည့်နေမိသည်...။

🖤 The Curse 🖤 { ကျိန်စာ } [Uni+Zawgyi]//COMPLETE//Opowieści tętniące życiem. Odkryj je teraz