Zawgyi
"အသက်ကိုချမ်းသာပေးပါ...!!!..."
"ကျွန်တော်တို့က ခိုင်းတဲ့အတိုင်းလုပ်ရတာပါ..."
"ဟုတ်ပါတယ် ချမ်းသာပေးပါ.."
"ဒီလိုမျိုး ဒီလိုမျိုး လက်အုပ်ချီပီး တောင်းပန်ပါတယ်..."
လက်ပြန်ကြိုးတုပ်ခံထားရပီး ဒူးထောက်လျင်အနေအထားနဲ့ လူတစ်စုသည် လက်အုပ်ချီကာ အသက်ချမ်းသာပေးဖို့ရာ တောင်းဆိုနေကြသည်....။ သူတို့တောင်းဆိုနေတာက သူတို့နဲ့ မလှမ်းမကမ်းကခုံပေါ်မှာထိုင်နေတဲ့ Hanboke ဝတ်ထားသော အမျိုးသမီးကြီးထံသို့ဖြစ်သည်...။
"အခုမှ တောင်းပန်နေတော့ရော.. ဘာထူးသွားနိုင်လို့လဲ..."
"ကျွန်တော်တို့ သူဘယ်သူဆိုတာ မသိခဲ့ပါဘူး..."
"တိတ်စမ်း....!!!..."
အသံသည် မီးရောင်ပြပြလေးထွန်းထားသော အခန်းငယ်အတွင်း သြဇာအပြည့်ဖြင့် ဟိန်းခနဲထွက်ကျလာခဲ့သည်...။ တောင်းပန်စကားဆိုနေသောလူတစ်စု၏အသံသည်လဲ တိခနဲရပ်ကျသွားသည်...။
Park Group သည် သူ့ဘာသာရပ်တည်နေသောလုပ်ငန်းစုတစ်ခုဖြစ်သည်...။ စားသောက်ကုန်လုပ်ငန်းကိုသာ အဓိကထားလုပ်ကိုင်သော လုပ်ငန်းစုတစ်ခုဖြစ်တာကြောင့် အေးဆေးသည်...။ သိပ်ပီး အပြိုင်အဆိုင်မရှိ....မပြိုင်ဆိုင်ရဲတာဆို ပိုမှန်ပါလိမ့်မည်....။အကျိုးအမြတ်ရှိမည်ထင်သော လုပ်ငန်းစုတွေဆီသို့ ရင်းနှီးမြှုပ်နှံတာမျိုးကို တစ်ဖက်တစ်လှမ်းက Park အိမ်တော်ရဲ့မြေးကြီးဖြစ်သူ Kim Seokjin က ထိန်းချုပ်လုပ်ကိုင်ပေးသည်...။ Group ရဲ့ စားသောက်ကုန်လုပ်ငန်းတွေနဲ့ Baby Mochi Restaurant တွေကိုတော့ အမွေဆက်ခံသူ Park Jimin က အဓိကထားဦးစီးလုပ်ကိုင်သည်...။ အမွေဆက်ခံမှုအတွက် ပြဿနာမရှိအောင် အဖွား Park က Seokjin အတွက် ဝေစုကိုတခါထဲခွဲပေးခဲ့ပီးသားမို့ Park Group ရဲ့ တကယ့် CEO အစစ်အမှန်သည် Park မျိုးရိုးအမည်အောက်က Park Jimin သာလျှင်ဖြစ်သည်...။ သို့သော် Park Group ရဲ့ CEO အစစ်အမှန်ရဲ့ မျက်နှာကို ဘယ်သူမှသေချာမမြင်ဖူးကြပါ...။
ထိုစဉ် Shoe ဖိနပ်သံ တဒေါက်ဒေါက်က ကြမ်းပြင်ကို စည်းချက်မှန်မှန် တစ်လှမ်းချင်းလှမ်းလာနေသည်...။ မီးရောင်မှိန်ပြပြသာထွန်းထားသော အခန်းငယ်ထဲ ဖိနပ်သံနီးလာတိုင်း လေထုက ပိုအေးစက်လာသည်ထင်ရပါ၏...။
YOU ARE READING
🖤 The Curse 🖤 { ကျိန်စာ } [Uni+Zawgyi]//COMPLETE//
Romanceဘိုးဘွားစဥ်ဆက် နှစ်ပေါင်း တစ်ရာလောက်ကြာတဲ့အထိ ဖြစ်ပျက်နေဆဲ....လက်ခံနေရဆဲ ဖြစ်တဲ့ "Jeon " အိမ်တော်ရဲ့....."ကျိန်စာ" "ဘဝတစ်လျှောက်လုံး အချစ်ဆိုတာကို သိလဲမသိခဲ့သလို စိတ်လဲမဝင်စားခဲ့ဘူး..... ချစ်ကြည့်ဖို့လဲ စိတ်မကူးခဲ့မိဘူး.....ဒါပေမဲ့ သူကတော့ ပထမဦးဆုံ...